ရှန့်ကုန်း သူနဲ့ ကိုကြီး လည်း ရိပေါ် တို့ ထိုင်တဲ့ စားပွဲနဲ့ တစ်ဝိုင်းကျော်နားမှာ ထိုင်လိုက်ကြသည်။ သူကသာ နှုတ်ကနေ ဝမ်ရိပေါ် လို့ အသံထွက်သွားပေမယ့် ဝမ်ရိပေါ်က သူ့ကို တစ်ချက်ပဲ ကြည့်ပြီး သူ့လက်ပေါ်က ကလေးဆီကိုပဲ ပြန်ဂရုစိုက်နေပါတယ်။
' အသိတွေလား ...'
ရှန့်ကုန်း ရေခွက်ထဲ ရေထည့်ပြီး သူ့ကို လှမ်းပေးလာတဲ့ ကိုကြီး ကို ပြုံးကြည့်လိုက်ပြီး ...
' ကျောင်းတက်တုန်းက အသိတွေပါ။ မတွေ့တာ ကြာသွားတော့ ကျနော့်ကို မမှတ်မိတော့လို့ထင်တယ်။ အဲ့ဒါကြောင့် ပြန်မနှုတ်ဆက်တာ။ အဟင်းးးး ...'
' အင်း။ ဒါဆိုလည်း နောက်တွေ့လည်း နှုတ်မဆက်နဲ့တော့လေ။ သူ့ပုံစံက ကြည့်ရတာ အချိုးမပြေဘူး။ မာန အရမ်းကြီးမယ့်ပုံနဲ့။'
ရှန့်ကုန်း ကိုကြီးသာ ဝမ်ရိပေါ်က သူ့ကို အရမ်းချစ်ခဲ့မှန်း သိရင် ခုလို ပြောမှာ မဟုတ်ဘူးဆိုတာကိုတော့ စိတ်ထဲမှာပဲ ပြောဖြစ်လိုက်ပါသည်။
' ဟုတ်။ နောက်ဆို လမ်းတွေ့ရင်တောင် နှုတ်မဆက်တော့ဘူး။'
' အင်း။ ဒါမှမဟုတ် ဆိုင် ပြောင်းလိုက်မလား။'
' အာ ... မပြောင်းတော့ဘူး။ ကိုကြီး ဗိုက်ဆာနေပြီမလား။ ကျနော်တို့ ဆက်ဆံရေးက ခုလို တွေ့ရင် တစ်ယောက်ယောက်က ရှောင်ထွက်သွားရတဲ့ထိ လိုအပ်တဲ့ ဆက်ဆံရေး မဟုတ်ခဲ့ပါဘူး။'
' အင်း ဒါဆိုလည်း သဘောပဲ။'
~~~~~~~~~~~~
ရိပေါ် သူတို့မှာထားတဲ့ ဟော့ပေါ့ ရလာတော့ အချိုပဲ လုပ်လာပေးတဲ့ အကန့်မှာ ရှောင်း အတွက် နည်းနည်း ဖယ်ပေးပြီး အစပ် စပ်ပေးလိုက်သည်။
' ရှောင်း ... မင်း အစပ် စားမှာမလား။'
' မစားချင်တော့ဘူး။ မင်းပဲ စားတော့။ ကလေးကို ငါ့ကို ပေး။'
ရိပေါ် ပြောလည်း ပြော သူ့ အနား ထ လာပြီး ကလေးကို ခေါ်သွားလိုက်တဲ့ ရှောင်းကြောင့် ခုန ရှန့်ကုန်း သူ့နာမည် ခေါ်လိုက်တာကြောင့် ဖြစ်မယ်ဆိုတာ သိလိုက်သည်။
အဲ့ဒါကြောင့်မို့ သူ ရှန့်ကုန်း ကို ပြန်တောင် မနှုတ်ဆက်ခဲ့ပါ။ ပြီးတော့ ဟိုကလည်း သူ့အမျိုးသားနဲ့ လာတာပဲဟာကို။ စိတ်ကလည်း ကောက်လွယ်လိုက်တာ။
![](https://img.wattpad.com/cover/314400615-288-k11912.jpg)
YOU ARE READING
Even Replace ( Completed )
Fiksi Penggemarသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12