Xiao အိမ်တွင် ...
' ဒါဆို အဖွားက အီတလီ သွားခဲ့ပြီပေါ့။'
' ဟုတ်တယ်။ ရှောင်းလေး သားတို့ကို မပြောပြဘူးလား။'
' ဟုတ် မပြောဘူး ခင်ဗျ။ ဒါဆို ဒီအိမ်ကို ရှောင်းက ရိပေါ်နဲ့ လာခဲ့တာ နောက်ဆုံးပဲပေါ့။'
' ဟုတ်တယ်။ နေပါအုံး ... သားတို့ ခုလို လာမေးတာ သား ရှောင်းလေး ဘာဖြစ်လို့လဲ။ တစ်ခုခု ဖြစ်နေတာလား။'
ရိဖုန်း နဲ့ လိန်ဖုန်း အန်တီယွမ် ရဲ့ စကားကြောင့် သူတို့ရဲ့ လေသံကို အမြန်ပြင်လိုက်ရတော့သည်။
' မဖြစ်ပါဘူး။ သူက ကျနော်တို့နဲ့ စိတ်ဆိုးနေတာ။ အဲ့ဒါ သူ့အိမ်သွားရှာလည်း မရှိဘူး ပြောလို့ အဖွား အိမ်မှာ လာပုန်းနေမလားဆိုပြီး လာရှာတာ။'
' ဪ ... ဖြစ်ရမယ်။ ကလေးတွေလည်း မဟုတ်တော့ပဲနဲ့။ သား ရှောင်းက အဖွား အီတလီ သွားလိုက်ကတည်းက အန်တီ တို့ရဲ့ စားရေး သောက်ရေး အတွက် လာစီစဉ်ပေးပြီး ထပ်မလာတော့ဘူး။'
လိန်ဖုန်း ဒီလောက်ဆို ရှောင်း ဘယ်ရောက်နေပြီလဲ သိလိုက်ပြီ ဖြစ်တာကြောင့် ရိဖုန်းကို ပြန်ဖို့ လက်ကို ကုပ်လိုက်သည်။
' ဒါဆို ကျနော်တို့ ပြန်လိုက်ပါအုံးမယ်။ သူ သူ့ယောကျာ်းအိမ်မှာ သွားပုန်းနေတာ ဖြစ်မယ်။ အဟင်း ....'
' ဟုတ်ပါပြီ။ အဖွားလည်း ပြန်လာ သား ရှောင်းလေးလည်း လာမှ ထပ်လာလည်ကြပေါ့။'
' ဟုတ်ကဲ့ပါ။ သွားခွင့်ပြုပါအုံး။'
~~~~~~~~~~~
' ဒါဆို ရှောင်း အီတလီ သွားလိုက်တာ ဖြစ်မယ်။'
' အီတလီကို တကယ် သွားခဲ့ရင် ကောင်းတာပေါ့။ ဒီမှာနေရင် ဟိုကောင်ရဲ့ ရန်က ကြောက်ရသေးတယ်။'
' ဒါဆို ငါလည်း သင်္ဘော ပြန်တက်တော့မယ်။ ဒီတစ်ခါ အီတလီ ဘက်ကို အရင်သွားပြီးမှ ဆက်သွားတော့မယ်။'
' အင်း ကောင်းတယ်။ ငါက အလုပ် ရှိနေလို့ ရှောင်း အီတလီ ရောက်လား မရောက်သွားလားက အတည်ပြုဖို့ မသွားကြည့်နိုင်ဘူး။ မင်း သွားပြီး ရှောင်းနဲ့ တွေ့ခဲ့ရင် ငါ့ကို ပြန်ပြောလေ။'
YOU ARE READING
Even Replace ( Completed )
Fanfictionသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12