Ep - 19

3.1K 143 4
                                    

Xiao အိမ်တွင် ...

' အန်တီ ယွမ် ... သားသား ကို ထားခဲ့မယ်နော်။ တစ်ခုခု ဆို သားကို ဖုန်းဆက်လိုက်ပါ။'

ယွမ် အမျိုးသမီး ထမင်းစားနေတုန်းကတည်းက ဆိုင် သွားမယ့် အချိန်ထိ အဲ့စကားကိုပဲ မှာနေတဲ့ ရှောင်း လေး ကြောင့် ကလေးကို တစ်ဖက်ချီပြီး ပြုံးလိုက်ရင်း ...

' ကဲ ... သွားပါကွယ်။ စိတ်ဖြောင့်ဖြောင့်နဲ့ သွား။ ကလေးက နေကောင်းနေပါပြီ။ ဘာမှ စိတ်ပူစရာ မလိုတော့ပါဘူး။တစ်ခုခု ဆိုတာနဲ့ အန်တီ ချက်ချင်း ဖုန်းဆက်မယ်။'

' ဟုတ်ကဲ့။ ဒါဆို သား သွားပြီ။

မွ ... သားသား ပါပါး သွားပြီနော်။'

ရှောင်းကျန့် ခြံရှေ့ကို လမ်းပဲ လျှောက်ထွက်လာလိုက်သည်။ ပြီးရင် လမ်းထိပ်ထိ ထပ်လျှောက်ရအုံးမှာ။

' မဖြစ်ဘူး။ အားရင် ကား တော့ သွားဝယ်မှ ဖြစ်တော့မယ်။'

ရှောင်းကျန့် လမ်းထိပ်ထိ ရောက်တာနဲ့ Taxi တားပြီး လိုက်ခဲ့လိုက်သည်။

' ဘယ်သွားမှာလဲ ခင်ဗျ။'

ရှောင်းကျန့် Taxi သမား မေးတော့မှ မနေ့က သူ့ဖုန်းထဲ မက်ဆေ့ ပြန်ပို့လာတဲ့ ရိပေါ်ရဲ့ စာကို ပြန်သတိရသွားသည်။ တွေ့မယ့် နေရာ ပြန်ပို့လာမယ် ဆိုပြီး ခုထိ မပို့လာသေးတာကြောင့် ညနေ ဆိုင်က အပြန် မပို့လာသေးရင် သူ့ ဝပ်ရှော့မှာ သွားပေးဖို့ပဲ စဉ်းစားလိုက်သည်။

' လက်ထပ် စာချုပ် ကွာရှင်း စာချုပ်တွေ ရောင်းတဲ့ ဆိုင် အရင် ပို့ပေးလို့ ရလား။'

' ဟုတ်ကဲ့။ ရပါတယ်။'

' ဒါဆို အဲ့ကို အရင် သွားမယ်။ ပြီးရင် xxx နားကို ထပ်ပို့ပေးပါ။'

' ဟုတ်ကဲ့။'

~~~~~~~~~~

' ကျနော် တတိယထပ်ကို ဒီဇိုင်း နည်းနည်း ပြင်ချင်လို့ ရသေးလား။'

' ရပါတယ်။ ဘယ်လို ပြင်ချင်တာလဲ။'

' အရင်က အိပ်ခန်း တစ်ခန်းပဲ ထားမယ်လို့ ပြောဖူးတယ်မလား။ အခု နောက်ထပ် အခန်း တစ်ခန်း ထပ်ထည့်မယ်။ ပြီးရင် အဲ့အခန်းကို ကလေးတွေ အကြိုက် ဒီဇိုင်း လုပ်ပေးပါ။'

Even Replace ( Completed )Where stories live. Discover now