💌 အချစ် ကိုယ့် ကို စိတ်ကောက်နေတာလား။ အိမ်ပြန်ရောက်ရင် မက်ဆေ့ ပို့ပါဆိုတာကို ခုထိ မပို့လာဘူး။ ကိုယ့်ကို စိတ်ကောက်ချင်လည်း ကောက်ပါ မနက်ဖြန်မှ တစ်နေကုန် လာချော့မယ်နော်။
ရိပေါ် သူ့ကို မက်ဆေ့ ပို့မလာတဲ့ အချစ်ကို သူကပဲ မက်ဆေ့ ပို့ပြီး ချော့ထားလိုက်သည်။
မက်ဆေ့ ပို့ပြီး အခန်းထဲ ပြန်ဝင်မယ် လုပ်တော့ ...
' ရိပေါ် !!!!.'
' ဖိုး !!!!. မအိပ်သေးဘူးလား။'
' အိပ်တော့ မလို့ပဲ ။ မင်းကို တွေ့လို့ ခေါ်လိုက်တာ။'
ရိပေါ် အဖိုး အနား သွားလိုက်ပြီး ...
' သား ကို ဘာထပ်ဆူချင်သေးတာလဲ။ ဆူချင်လည်း အခု အကုန်ဆူထား။ သား အိပ်မက်ထဲထိတော့ အဆူမခံချင်ဘူး။ ကောင်းကောင်း အိပ်ပါရစေ။'
' ဆူမယ် မှန်း သိရင်လည်း မဆူမခံရအောင် နေပါလား။ ခုန ရှောင်းလေး ရှိနေလို့ အဖိုး ဘာမှ ဆက်မပြောတာ။ အဲ့ဒီ ငါတို့ အတင်းလက်ထပ်ပေးလို့ လပ်ထက်ရတယ် ဆိုတဲ့ စကား ရှောင်းလေး ရှေ့ မပြောပါနဲ့လား။ ရှောင်းလေး ကို ဘယ်လောက် အားနာ စရာ ကောင်းလဲ။'
' အဖိုးကပဲ ပြောပြောနေတာ။ သားတို့က ပြောပြီး ပြီးရော ထားခဲ့လိုက်ပြီ။ ပြီးတော့ သား နဲ့ သူက နားလည်ကြပါတယ်ဆို။'
' ရိပေါ် ... စကားကို အဲ့လို ပြီးစလွယ် မပြောနဲ့။ ရှောင်းလေးရဲ့ ခံစားချက်ကိုလည်း ထည့်တွက်ပေးရမယ်။ သူလည်း သူ့အဖွားကြောင့် လက်ထပ်ရတယ် ဆိုပေမယ့် သူ့ စိတ်ထဲ ဘာရှိမလဲ ဘယ်သူမှ မသိနိုင်ဘူးလေ။'
' အဲ့ဒါကြောင့် သူသာ ကွာရှင်းချင်ရင် သားဘက်က လက်ခံပေးဖို့ အဆင်သင့်လို့ ပြောတာပေါ့။ အဲ့လိုပဲ သူလည်း သားက ကွာရှင်းချင်ရင် ပြန်ကွာရှင်းပေးဖို့ ဆန္ဒ ရှိပါတယ်။'
' အဲ့ဒီ ကွာရှင်းတာက လွှဲပြီး ကျန်တာပြော။'
' အဲ့ဒါဆိုလည်း သား နဲ့ သူ့ကြား နေရခက်အောင် အဖိုး ခန ခန မပြောနဲ့တော့ပေါ့။'
' မဖြစ်ဘူး ... မင်းတို့အတွက် ကလေး မွေးစားဖို့ လုပ်ရမယ်။ အဲ့ဒါမှ မင်းတို့ကြားမှ သံယောဇဉ် ထက်ပိုတဲ့ ချစ်ခြင်းမေတ္တာတွေ ဖြစ်လာမှာ။'
YOU ARE READING
Even Replace ( Completed )
Fanfictionသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12