Ep - 24

2.6K 107 14
                                    

Xiao အိမ်ရှေ့က ကား အနက်တစ်စီးထဲတွင် အိပ်ပျော်နေတဲ့ ရှောင်းကျန့် တစ်ယောက် ပုံမှန် မဟုတ်တဲ့ အေးစိမ့်စိမ့် ခံစားမိတာကြောင့် အိပ်ပျော်နေရာမှ နှိုးလာပါသည်။

' ဟင် !!! ရိပေါ် ... ငါတို့ ဘယ်ရောက်နေပြီလဲ။'

ရိပေါ် မျက်မှန်တပ်ထားပြီး သူ့ရဲ့ မျက်နှာကို ခုထိ သေချာ ရှင်းရှင်း လင်းလင်း မြင်သေးပုံ မရတဲ့ ရှောင်းက နှိုးလာပြီး ဟိုကြည့် ဒီကြည့်နဲ့ မေးလာပါသည်။

' အီတလီ ရောက်နေတာ။'

' ဟမ် !!!!.'

ရှောင်းကျန့် အီတလီ ရောက်နေတယ်ဆိုပြီး လေသံ မာကြီးနဲ့ ပြောလာတဲ့ ရိပေါ်ကြောင့် ကြောင်သွားရသည်။

' ဘယ်လိုလဲ အီတလီ ဆိုတာနဲ့ ပျော်ပြီး ဘာမှတောင် မပြောနိုင်တော့ဘူးလား။'

' ရိပေါ် ... ဘာတွေ ပြောနေတာလဲ။'

' ရော့ ... ဘာတွေ ပြောလဲ သိချင်ရင် ...'

ရှောင်းကျန့် သူ့ပေါင်ပေါ် ကျလာတဲ့ သူ့ဖုန်းကို ယူပြီး ကြည့်လိုက်တော့ တန်းမြင်လိုက်ရတဲ့ အီတလီ ကုတ် နဲ့ ဖုန်းနံပတ်ကြောင့် ရိပေါ် ဘာကို စိတ်ဆိုးနေတာလဲ ဆိုတာ သိလိုက်ရသည်။

' ဒါလား .... သူက အီတလီက ဦးငယ် မိန်းမရဲ့ အမျိုးပါ။'

' အဲ့ဒါကို ဘာလို့ ကိုကို ခေါ်တာလဲ။'

' သူက ခုမှ ၂၁ နှစ်လေ။ ပြီးတော့ တစ်ဦးတည်းသော သား ဆိုတော့ ငါ့ကို ညီအကို လို ခင်တယ် ဆိုပြီး ငါတို့ အီတလီမှာ စတွေ့ကတည်းက အဲ့လို ခေါ်တာ။'

' မသိဘူး။ ငါ မကြိုက်ဘူး။'

' ဪ ... ရိပေါ်ရယ် ... ဟိုက ဒီတိုင်းခင်လို့ ခေါ်တာလေ။ အသားပဲ့ပါသွားတာလဲ မဟုတ်ဘူး။ အခုက ကိုကို လို့ မက်ဆေ့ပို့တာ မြင်လို့ ဒီရုပ် ဖြစ်နေတာပေါ့။'

ရိပေါ် သူ့မေ့စေးကို လာကိုင်ပြီး ပြောတဲ့ ရှောင်းကြောင့် ရှောင်လိုက်ပြီး ဟုတ်တယ် လို့ စိတ်ဆိုးတဲ့ လေသံနဲ့ ပြောလိုက်တယ်။

' ဟိုနေ့က ဖွား နဲ့ ဖုန်းပြောဖြစ်တော့ နီယွန် ငါ့ကို အကူအညီ တောင်းစရာ ရှိတယ်ဆိုပြီး ဖွား ဆီကနေ ငါ့ အကောင့်တောင်း သွားတယ် ပြောနေတာ။ အခုလည်း ငါ လိုင်းမတက်အားသေးတော့ သူ add လာတာကို ရိုးရိုး မက်ဆေ့နဲ့ ပြန်ပြောခဲ့တာ ဖြစ်မယ်။'

Even Replace ( Completed )Where stories live. Discover now