ရိပေါ် YiZhan ကားဝပ်ရှော့ကို ပြန်ရောက်တော့ မိုးစင်စင်လင်းနေပြီ ဖြစ်သည်။
သူ့ကား ဝပ်ရှော့ရဲ့ အနောက်ကို ဝင်သွားတာနဲ့ လီမင် သူ့ကားဆီ ချက်ချင်း ရောက်လာတယ်။
' ဆရာရိပေါ် ...'
' ဘာကိစ္စ ရှိလို့လဲ။'
' မနေ့က အမျိုးသမီး တစ်ယောက် ဆရာရိပေါ် ကို လာစောင့်နေသေးတယ်။'
' ဘယ်သူလဲ။ သူ့ နာမည် ပြောလား။'
' ဟိုအရင်တစ်ခါ လာတဲ့ တစ်ယောက်ပဲ။ သူ အကြာကြီး စောင့်သေးတယ်။ ဆရာ မလာတော့မှ မနက်ဖြန် သူ့မောင် မင်္ဂလာပွဲမှာ စောင့်နေမယ်။ ဆရာ သွားရင် သူ့ဆီ အရင်သွားဖို့ မှာသွားပါတယ်။'
မင်္ဂလာပွဲဆိုမှ ရိပေါ် ဒီနေ့ ရှန့်ကုန်းရဲ့ မင်္ဂလာပွဲ လာဖိတ်ထားတာကို သတိရသွားသည်။
' ငါ မသွားတော့ဘူး။ မင်းကို ပိုက်ဆံ ပေးလိုက်မယ်။ မင်းပဲ လက်ဖွဲ့ သွားပေးလိုက်တော့။'
' ဟုတ်ကဲ့။ တကယ်လို့ မနေ့က အမျိုးသမီး ဆရာ့ကို မေးလာရင်ရော ...'
' ရတယ်။ ဘာမှပြန်မဖြေနဲ့။ ငါ ပေးလိုက်မယ့် လက်ဖွဲ့ကို မြင်ရင် သူ သိသွားလိမ့်မယ်။'
' ဟုတ်ကဲ့။'
~~~~~~~~~~~~~
လီ ဟိုတယ် တွင် မင်္ဂလာပွဲ တစ်ခု ကျင်းပနေတယ်။ မင်္ဂလာပွဲ အတွက် အလှဆင်ထားတဲ့ ဝင်ပေါက် တစ်နေရာမှာတော့ ပြုံးပျော်နေတဲ့ မျက်နှာနဲ့ သတို့သား နှစ်ယောက် နဲ့ အတူ နှစ်ဖက် မိဘတွေကပါ အတူရပ်ပြီး မင်္ဂလာပွဲကို လာသမျှ ဧည့်သည်တွေကို ကြိုဆိုနေကြတယ်။အဲ့ဒီထဲမှာ လှပတဲ့ ဝတ်စုံ နဲ့ သူ့ကိုယ်သူ ဒီပွဲထဲမှာ အလှဆုံးလို့ ယုံကြည်မှု ရှိနေတဲ့ မိန်းကလေး တစ်ယောက်ကတော့ သူ့ရဲ့ ဖုန်း ထည့်ထားတဲ့ လက်ကိုင်အိတ်ကို ခပ်တင်းတင်း ကိုင်ထားပြီး လာတဲ့ ဧည့်သည်တွေထဲကမှ သူ အလိုရှိနေတဲ့ လူတစ်ယောက်ကို မျှော်နေပါတယ်။
ထိုစဉ် လက်ဖွဲ့ရေးနေတဲ့ ကောင်မလေး နှစ်ယောက်ထံမှ အသံ ထွက်လာပါသည်။
' ဟဲ့ ... ဟဲ့ ... ဝမ်ရိပေါ် + ရှောင်ရှောင်းကျန့် ဆိုတာ ယောကျာ်းလေး နှစ်ယောက် နာမည် မလား။ အလယ်မှာ အပေါင်း ခံထားတာဆိုတော့ သူတို့က လက်ထပ်ထားလို့ပေါ့နော်။'
![](https://img.wattpad.com/cover/314400615-288-k11912.jpg)
YOU ARE READING
Even Replace ( Completed )
Fanfictionသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12