Ep - 42

1.6K 55 2
                                    

YiZhan House 🏠

' ပါပါး ...

ပါပါး ...

ပါပါး လို့ !!!!...'

' ဘာလဲ ... မြင်နေတာကို ဘာလို့ အော် နေတာလဲ။'

' ပါပါး မြန်မြန်လုပ်လေ။ သား ကျောင်းနောက်ကျတော့မယ်။'

' အခုက ဘယ်နှစ်နာရီ ရှိသေးလို့လဲ။'

' ၇ နာရီ ထိုးတော့မယ်။ သား မနက်စာလည်း မစားရသေးဘူး။'

ရှောင်းကျန့် ၇ နာရီ ဆိုတဲ့ စကားကြောင့် ဟင်းချက်နေရင်း ဝမ်ဝူဟောက်ကို လှည့်ကြည့်လိုက်သည်။

အမယ် !!! မင်းသားက ကျောင်းသွားမှာလား ပွဲသွားတက်မှာလား မသဲကွဲဘူး။ ကျောင်းဝတ်စုံ အပြည့်နဲ့ ဆံပင်ကိုလည်း သူ့ အဖေရဲ့ ခေါင်းလိမ်းဆီနဲ့ ထောင်ထားသေးတယ်။

' ခုမှ ၇ နာရီလေ။ ကျောင်းက ၉ နာရီမှ တက်တာ မဟုတ်ဘူးလား။ ဘာလို့ စောသွားမှာလဲ။ ပြီးတော့ တစ်ရက် တစ်လေပဲလည်း မဟုတ်ဘူး။ကျောင်းဖွင့်ရက်တိုင်း ငါ့ကို လာ လာ လောနေတာ။ မင်း အဖေတောင် မ ထ သေးဘူး။'

' ပါပါး ကလည်း ကျောင်းမှာ သား သူငယ်ချင်းတွေနဲ့ ၇ နာရီ လာမယ်လို့ ပြောထားပြီးသားလေ။'

' ငါလည်း မနက်အစောကြီး ထ ပြီး လုပ်ပေးနေတာပဲလေ။ မပြီးသေးတာတော့ ဘယ်လိုလုပ်ပေးရမလဲ။ ပြီးတော့ မင်း အဖေ ရုံးသွားဖို့ ထမင်းဗူးရော မင်းရဲ့ ထမင်းဗူးရော ပြင်ပေးရသေးတာ။'

' အာ့ဆိုလည်း သား မနက်စာ မစားတော့ဘူး။'

ရှောင်းကျန့် ကောက်ပြီး မနက်စာပါ မစားတော့ဘူးဆိုတဲ့ သားသားကို ကြည့်လိုက်ပြီး သူ့လေသံကို ပြန်လျော့လိုက်ပါတယ်။

' မနက်စာ မစားရင် သားသားက သူများ ကလေးလို အရပ်လည်း မရှည်လာတော့ဘူး၊ ခန္ဓာကိုယ်လည်း သေးသေးလေးပဲ ဖြစ်နေမှာ။ ဥာဏ်လည်း မကောင်းတော့ဘူး။ ပြီးတော့ အားမရှိရင် ရောဂါလည်း ဝင်လွယ်လာမယ်။ နေမကောင်း ဖြစ်လာမယ်။ အဲ့လိုဆို ကျောင်းလည်း မသွားရတော့ဘူး။ စာလည်း မတတ်တော့ဘူး။ သားသား အဲ့လို ဖြစ်ချင်တာလား။'

' မဖြစ်ချင်ပါဘူး။'

' အင်း မဖြစ်ချင်ရင် မနက်စာ စားရမယ်။ ထမင်းစားချိန်ထဲမှာ မနက်စာက အရေးကြီးဆုံးပဲ။ ပါပါး ကြက်အူချောင်းကြော်ပေးမယ်။ စားမှာ မလား။'

Even Replace ( Completed )Where stories live. Discover now