China Beijing Airport!!!!!!
အီတလီ ကနေ ပေကျင်း ပျံသန်းတဲ့ လေယာဉ် ဆိုက်တာနဲ့ လူတွေ အလျိုလျို ထွက်လာကြသည်။ အဲ့ထဲမှာ အင်တာနေရှင်နဲ့ အရပ်နဲ့ ကောင်လေး တစ်ယောက်လည်း လိုက်ပါလာပါတယ်။ အဲ့ကောင်လေးမှာ ပြောင်းလဲလာတာဆိုလို့ ဂိမ်းဆော့လွန်ပြီး မျက်မှန် တပ်ရတာပဲ ရှိပါတယ်။
ရှောင်းကျန့် သူ့ အဝတ်သေတ္တာ ရွေးပြီး ထွက်လာတော့ သူ့ကို မြင်တာနဲ့ ပြုံးပြပြီး လက်လှမ်းပြလာတဲ့ ဝမ်အဖိုးရဲ့ အတွင်းရေးမှုးကို ပြန်မပြုံးပြပဲ နှာခေါင်းပဲ ရှုံ့ပြလိုက်သည်။
* လာမကြိုလည်း ရတယ်လို့ ပြောထားတာကို ...*
အတွင်းရေးမှုးလည်း သူ ပြုံးပြတာတောင် သူ့ကို နှာခေါင်းရှုံ့ပြလာတဲ့ ကောင်လေးကို ပွေမယူပဲ အနားရောက်တာနဲ့ လက်ထဲက အိတ်ကို လက်လွှဲယူလိုက်သည်။
' ပေး ... အိတ် ဦးလေးကို ပေး ....'
ရှောင်းကျန့် အနားရောက်တာနဲ့ သူ့လက်ထဲက အိတ်ကို လာဆွဲယူသွားတဲ့ အတွင်းရေးမှူးကြောင့် သူ့လက်ထဲကနေ အလွယ်တကူပဲ ပါသွားခဲ့တယ်။
ရှောင်းကျန့် ပြီးမှ သတိဝင်ပြီး သူ့အိတ်ကို ပြန်ဆွဲယူဖို့ လုပ်တော့ ...
' ဪ ... ပေးပါ။ ဦးလေးပဲ တွန်းသွားပေးပါ့မယ်။ ဝမ်လူကြီးမင်းက မှာထားတယ်။ သူ့မြေး ရှောင်းလေးကို သက်တောင့် သက်သာနဲ့ အိမ်ပြန်လိုက်ပို့ပါတဲ့။'
' ရပါတယ်။ အဲ့ထဲမှာ လူကြီးတွေ သယ်ပေးလို့ မသင့်တော်တာတွေ ရှိလို့ပါ။ သားကို ပေးပါ။ ကိုယ့်ဘာသာပဲ သယ်လိုက်ပါ့မယ်။'
' ရပါတယ်ကွယ်။ အိမ်မှာဆိုလည်း ဦးလေး ကလေးတွေရဲ့ ပစ္စည်းတွေကို သယ်ပေးနေကြ။ ဘာမှမဖြစ်ဘူး။'
ရှောင်းကျန့် ပြောလို့လည်း မရတော့တာကြောင့် အနောက်ကနေပဲ လိုက်လာခဲ့လိုက်တော့သည်။
ခုန ပုံရိပ်တွေ အပြုအမူတွေ အကုန်လုံးကို မျက်လုံးထဲနဲ့ မှတ်တမ်းယူနေတဲ့ ကောင်လေး တစ်ယောက်လည်း ရှိနေပါတယ်။ သူ့မှာ ဒီနေ့ ပြန်လာမယ်လို့ သတင်းရပေမယ့် လူလုံး ထွက်ပြပြီး ကြိုဖို့ထိတော့ အခွင့်အရေး မရှိသေးတာကြောင့် ခုလို stalker လုပ်ပြီး ခိုးကြောင် ခိုးဝှက်နဲ့ မမြင်ရတာ ကြာတဲ့ နှုတ်ခမ်းအောက်က မှဲ့နဲ့ ကောင်လေးကို ငေးကြည့်နေရတာ ဖြစ်သည်။

YOU ARE READING
Even Replace ( Completed )
Fanfictionသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12