Ep - 45

1.5K 55 2
                                    


Wang အိမ် ...

သူတို့ကား ဝမ် အိမ်ရောက်ပြီး ရိပေါ် ဟွန်း တီး လိုက်တာနဲ့ ခြံတံခါး ပွင့်လာတာကြောင့် ကားကို ခြံထဲထိ မောင်းဝင်လာခဲ့လိုက်သည်။

' ပါပါး ... လာပြီ။'

ရှောင်းကျန့် အိမ်ရှေ့ တံခါး ဝ နားမှာ သူတို့ကို လာစောင့်နေတဲ့ သားသား က သူတို့ကား လာတာ မြင်ရော ခုန်ဆွ ခုန်ဆွ လုပ်နေပါတော့သည်။

လိန်ဖုန်း လည်း အရပ်တွေ ထွက်လာတဲ့ ဝူဟောက်ကို ကြည့်လိုက်ပြီး ...

' ဝူဟောက် တောင် တော်တော်ကြီးလာပြီပဲ။'

' ဟုတ်သား ... အခု ကလေး မြင်မှ ကျနော် တို့ ဝူဟောက် အတွက် လက်ဆောင် ဝယ်လာတာကို ယူလာဖို့ မေ့နေပြီ။'

' ဟုတ်သား ... လော လော နဲ့ ဆိုတော့ မေ့သွားတာ။ နောက်မှပဲ ပေးတော့မယ်။'

ရိပေါ် ကားကို အိမ်ရှေ့ ဆင်ဝင်အောက်ရောက်တော့မှ စက်သတ်လိုက်သည်။

' ကဲ ... ဆင်းကြမယ်။ လိန်ဖုန်း မင်းလည်း အဖိုးကို ဝင်နှုတ်ဆက်အုံး။ ကျင်းရှင်းကိုလည်း မိတ်ဆက်ပေးရင်းပေါ့။'

' အေးပါ ...'

' ပါပါး ...'

ရှောင်းကျန့် သူ ကားပေါ်က ဆင်းရုံ ရှိသေး သားသား က သူ့အနား ချက်ချင်း ရောက်လာပါသည်။

' သားသား ... ဘာလို့ ပြေးလာတာလဲ။'

' သား ခုနတည်းက ပါပါး နဲ့ ဖေဖေ့ ကို ထွက်စောင့်နေတာ။'

' ဟိတ် ... ဝမ်ဝူဟောက် !!!! လိန်ဖုန်း ဦးဦး ကို မှတ်မိသေးလား။'

ဝူဟောက် သူ့နာမည် ခေါ်လာတဲ့ ဦးဦး ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

' ဟုတ်ကဲ့။ နိုင်ငံခြားက ဦးဦး ...'

' အဟင်း ... မှန်တယ်။'

လိန်ဖုန်း သဘောကျပြီး ကလေးရဲ့ ခေါင်းကို ပွတ်ပေးလိုက်သည်။

' မြေးလေး တို့ လာပြီလား။ ဝူဟောက်ကတော့ အိမ်ထဲ စောင့်နေပါလို့ ပြောလည်း မရဘူး။'

ဝမ်အဖိုး အသံ ကြားလိုက်ရတာကြောင့် ရှောင်းကျန့် နဲ့ လိန်ဖုန်း ပြီးတော့ ဝူဟောက် အဖိုး ရှိတဲ့ဘက်ကို လာလိုက်ကြသည်။

Even Replace ( Completed )Where stories live. Discover now