၂ နှစ်ခန့် ကြာသော် ....
' ဂျောက် ....
ဂလောက် ....'
ရှောင်းကျန့် ရေချိုးခန်း တံခါးနားက သူ နင်းမိလိုက်တဲ့ အရာကို ငုံ့ကြည့်လိုက်ပြီး ...
' ဝမ် ဝူ ဟောက် !!!!!!.'
~~~~~~
' အားးး နားတွေ အူလိုက်တာကွာ ...'
ရိပေါ် သူ့ နားသူ ကလော် နေတုန်း ရှောင်း အော် သံ ကြားတာနဲ့ သူ့င်္အကျီ ကို မ ပြီး ဝင်ပုန်းဖို့ ပြင်နေတဲ့ သားသား ကြောင့် သူပါ ဟန်ဆောင် ပန်ဆောင် မ ပေးလိုက်ရသည်။ တော်သေးတယ် င်္အကျီက LiNing သား ဖြစ်နေလို့။
ရိပေါ် သားသားရဲ့ ကျောကို ပုတ်ပေးလိုက်ပြီး ...
' ငြိမ်ငြိမ်နေနော် အသံမထွက်နဲ့။ ခုတလော မင်းရဲ့ ပါပါး အသံ အရမ်းအောင်လာတယ်။ တစ်ခုခု ဆို အော်မယ်ဆိုတာချည်းပဲ။ ငါတို့ သားအဖ ဘယ်နေ့ မျက်စိ ၊ နား အထူးကု ပြရမလဲ မသိဘူး။'
ရှောင်းကျန့် ရေမချိုးသေးပဲ လသာဆောင်ဘက်ကို ထွက်လာတော့ ဒရင်းဘက်ပေါ်မှာ ရိပေါ်က အိပ်နေပြီး ဗိုက်ပေါ်က ဖင်တုံးတုံးကြီး ပဲ မြင်ရပြီး ခေါင်းက သူ့ အဖေရဲ့ င်္အကျီထဲ ရောက်နေတဲ့ ဝမ်ဝူဟောက် ကို တွေ့လိုက်ရသည်။ ဒါက ဆော့ထားပြီးတဲ့ ပစ္စည်းတွေ မသိမ်းလို့ သူ အော် ရင် ဝမ်ဝူဟောက် တို့ လုပ်နေကျ အကွက်တွေ။
' အဲ့ဒါ ဘာလုပ် ဘာလုပ်နေကြတာလဲ။'
ရိပေါ် တကယ်တမ်း နောက်ကွယ်မှာ ဘာပဲ ပြောပြော ရှောင်း သူ့ ရှေ့ရောက်လာတာနဲ့ မျက်နှာအချိုးကို ချက်ချင်းပြောင်းလိုက်သည်။
' ကြယ်ကြည့်နေတာလေ။ အဟင်း ... လာလေ။ မင်း ရေချိုးပြီးပြီလား။'
ရှောင်းကျန့် သူ့ကို မျက်နှာချိုသွေး လာတဲ့ ရိပေါ် ကို တစ်ချက်ပဲ ကြည့်လိုက်ပြီး အဓိက တစ်ယောက်ဆီ အကြည့်ရွှေ့လိုက်သည်။
' ဟိုတစ်ယောက် ထွက်ခဲ့ ... မဟုတ်ရင် အဲ့ဖင်တုံးတုံးကို ပါပါး ရိုက်မှာနော်။'
ထိုစဉ် ဗိုက်ပေါ်က ဖင်တုံးတုံးက တဖြေးဖြေး နောက်ဆုတ်လာပြီး ခေါင်းလေး ထွက်လာတယ်။
YOU ARE READING
Even Replace ( Completed )
Fanfictionသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12