Ep - 43

1.5K 53 0
                                    

ရိပေါ် သူ့ကား Xiao အိမ်ရှိတဲ့ ရပ်ကွက်ထဲ ကွေ့ဝင်လာတာနဲ့ ကားကို အရှိန်လျော့လိုက်သည်။

ဝမ်ဝူဟောက် သူတို့ကား ဖွားဖွားကြီးတို့အိမ်ဘက် ရောက်လာတာနဲ့ ကားမောင်းနေတဲ့ သူ့အဖေ ကို လှည့်ကြည့်ပြီး မေးလိုက်သည်။

' ဖေဖေ သားတို့ ဖွားဖွား ဆီ အရင် ဝင်မှာလား။'

' ဟုတ်တယ်။ ဖွားဖွား က သားသား ကြိုက်တဲ့ ခေါက်ဆွဲ လုပ်ထားတယ်တဲ့။ အဲ့ဒါ သားသား ကို Xiao အိမ်ကို အရင် ဝင်ပို့ပေးဆိုလို့ ဖေဖေ တို့ ဖွားဖွား ဆီ အရင်လာတာ။ ပြီးရင် ဖိုးဖိုး ဆီ ပို့ပေးမယ်။'

' ယေး ... သား ခေါက်ဆွဲ စားရတော့မယ်။'

ရိပေါ် လက်တစ်ဖက် လက်သီးဆုပ်ပြီး အပေါ်မြှောက်တင်ရင်း ပြောလာတဲ့ သားသား ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး ...

' ခေါက်ဆွဲကို အဲ့လောက်တောင် ကြိုက်တာလား။'

' ကြိုက်တယ်။ ပါပါး က တစ်ခါမှ မလုပ်ပေးဘူးလေ။'

' သား ပါပါး .... သူလည်း မအားဘူးလေ။'

' သား သိပါတယ်။ အဲ့ဒါကြောင့် သား လည်း စားချင်တယ်လို့ မပြောဘူးလေ။'

' အင်း ... အခု ဖွားဖွား လုပ်ထားတာကို အဝ စား။ ဟုတ်ပြီလား။'

' ဟုတ် ... စားမှာ။'

ရိပေါ် သူ့ကား Xiao အိမ်ရှေ့ရောက်တာနဲ့ ဟွန်း တီး လိုက်သည်။

' တီး .... တီး ....'

သူတို့ လာမှာ သိထားတဲ့ ဦးလေးကြီးက ဟွန်းသံ ကြားတာနဲ့ ခြံတံခါး ချက်ချင်း ဖွင့်ပေးလာပါသည်။

~~~~~~~~~~~~~

' လန်ဟွား ... ဒီတစ်ပတ် တနင်္ဂနွေ ကို ဆိုင် ပိတ်ရမယ် ထင်တယ်။'

' ဘာလို့လဲ ...'

လန်ဟွား မျက်လုံးနဲ့ လက်က ကွန်ပျူတာမှာ အလုပ်ရှုပ်နေပြီး ရှောင်း ရဲ့ အပြောကို တုန့်ပြန်လိုက်သည်။

' ဘာလို့ဆို ... ရိဖုန်း လက်ထပ်တဲ့နေ့တုန်းက နင် တွေ့တဲ့ လိန်ဖုန်း ဆိုတဲ့ တစ်ယောက်လေ။ သူ အခု အမေရိကား ရောက်နေတာ။ ပြီးတော့ မနက်ဖြန် ပေကျင်း ပြန်လာလည်မှာ။ အဲ့ဒါ ငါတို့က သူ့ကို သွားကြိုရမှာ။ ပြီးတော့ မတွေ့တာ ကြာတော့ ငါတို့ သူနဲ့ တစ်နေကုန် အချိန်ကုန်သွားမှာပဲ။ အဲ့ဒါကြောင့် တစ်ရက်တော့ ပိတ်မှ ရမှာ။'

Even Replace ( Completed )Where stories live. Discover now