Ep - 10

4.3K 203 2
                                    

' ဒေါက် ... ဒေါက် ... ကျန့်ကျန့် !!!!.'

' ဗျာ ... ဦးငယ်။'

' အောက်ထပ် ဆင်းလာခဲ့အုံး။'

' ဟုတ် ခန ။'

ရှောင်းကျန့် ဂိမ်းက Level နောက်တစ်ခု တက်ခါနီး
နေပြီ ဖြစ်တာကြောင့် ချက်ချင်း ထွက်ပြီး သွားလိုက်ဖို့က မဖြစ်ပါ။ အခုလို စကား လှမ်းပြောလိုက်တာတောင် တိုက်ရည် ခိုက်ရည်က နှောင့်နှေး သွားရပြီ။

' အာ ... ချီးပဲ ငါ ခုမှ အသက်ဖြည့်ပြီး ပြန်ဝင်လာတာလေ။ ဘာလို့ ငါ့ကိုပဲ လာ လာ ချောင်းတိုက်နေတာလဲ။'

........ Victory !!!!!

' Yes !!!!. ဒီလိုမှပေါ့။'

၅ ယောက်တစ်ဖွဲ့မှာ တစ်ခြားကောင်တွေက အားကြီးတဲ့ ကောင်တွေ သုံးထားတော့ မကြာဘူး တစ်ဖက် ရန်သူရဲ့ မျှော်စင်ကို တိုက်ချနိုင်ပြီး Victory ဆိုတဲ့ အသံ ထွက်လာသည်။

ရှောင်းကျန့် နောက် Level ရောက်သွားတော့မှ ဂိမ်းထဲက ထွက်ပြီး အခန်းထဲက ထွက်လာခဲ့လိုက်သည်။

~~~~~~~~~

' ပြောတော့ နောက် တစ်ရက် နှစ်ရက် နေမှ ရောက်မယ်ဆို။'

' ဟုတ်တယ်။ အိမ်မှာ ပျင်းနေတာနဲ့ စော ထွက်လာလိုက်တာ။'

' အိမ်မှာနေလည်း အပြင်ပဲ လျှောက်သွားနေတာပဲဆို ပျင်းချိန် ရှိသေးတာလား။'

နီယွန် ... ကလေးကို ချီထားပြီး သူ့ကို ပြုံးပြီး ပြောလာတဲ့ သူ့အစ်မ ကို သွားပေါ်အောင် ပြုံးပြလိုက်ရင်း ...

' မကြီးကလဲ ... ကျနော်က အပြင်ကို ဒီတိုင်း လျှောက်သွားနေတာ မဟုတ်ပါဘူး။ အလုပ် သွားလုပ်တာပါ။'

' ဘာလဲ ... ဂိမ်း ချိန်းပြီး တိုက်တာမျိုးလား။'

' အာ ... ဟုတ်ပါဘူး။ ကျနော် IT Company တစ်ခုမှာ အလုပ် လျှောက်ထားတယ်။ အဲ့ဒါ ဂိမ်းဆော့ရင်း ခေါ်စာ စောင့်နေတာ။ ဟီး ....'

' အဟင်း ... ဟုတ်ပါပြီ။'

ရှောင်းကျန့် လှေခါးကနေ ဆင်းလာနေတုန်း စကားပြောသံတွေ ကြားနေရသည်။ အသံ နားထောင်ရတာတော့ သူ့ထက် ငယ်မယ့် ပုံပါပဲ။

' ဪ !!!! ကျန့်ကျန့် ။ လာ ... မိတ်ဆက်ပေးမယ်။'

နီယွန် ... သူ့ အဖေ နဲ့ အခု သူ ရောက်နေတဲ့ အစ်မနဲ့က သူတို့အမျိုးထဲမှာ တရုတ်စကား နားလည်ဆုံး နဲ့ အပြောတတ်ဆုံး ဖြစ်တာကြောင့် သူ့ကိုလည်း ပါပါ က ငယ်ငယ် ကတည်းက တရုတ်စာ သင်ခိုင်းတာ ခံခဲ့ရလို့ ခုန ကိုကြီး ပြောလိုက်တဲ့ တရုတ် စကားကို သေချာ နားလည်နေတာ ဖြစ်သည်။

Even Replace ( Completed )Where stories live. Discover now