ချစ်ခြင်းပြည့်စုံ စံအိမ်တွင် ...
' မောနင်း ရိပေါ်ကော ...'
' အင်း ...'
ရိပေါ် အောက်ထပ် ဆင်းလာပြီး ထမင်းစားခန်းထဲ ဝင်တော့ မနက်စာ ထ ပြီး ပြင်ဆင်နေပုံရတဲ့ ထောင်ဟွား က သူ့ကို နှုတ်ဆက်လာတာကြောင့် နှာခေါင်းက အသံထွက်ရုံ အင်း လိုက်တယ်။
' ဂိုမာန် ရော ...'
' သူလည်း ထ ပါပြီ။ ခြံထဲမှာ ပန်းပင်တွေ ရေ လောင်းခိုင်းထားတယ်။'
' အဲ့အလုပ်တွေ မလုပ်လည်း ရပါတယ်။ မင်းတို့ကို ဒီအိမ်မှာ နေခိုင်းတယ်ဆိုပြီး ခြံအလုပ်ထိ လုပ်စရာ မလိုဘူး။ အိမ်အတွင်း အပြင် ၊ ခြံထဲရော သန့်ရှင်းရေး လုပ်ဖို့က တစ်ပတ် တစ်ခါ လူ ခေါ်ပြီး လုပ်တာ။'
' အဲ့ဒါ အရင်ကလေ ... အခု ညီမ တို့ ရောက်လာပြီဆိုတော့ အဲ့တာဝန်တွေ ညီမ တို့ ယူပါ့မယ်။ မဟုတ်လည်း လုပ်စရာ မရှိဘူးလေ။'
' အဲ့ဒါဆိုလည်း သဘောပဲ။ အခု ဂိုမာန် ကို သွားခေါ်ခဲ့အုံး။'
' ဟုတ်ကဲ့။'
ရိပေါ် ထောင်ဟွား ထွက်သွားတော့မှ စားပွဲပေါ်က ခရုဆန်ပြုတ်လား ပုဇွန်ဆန်ပြုတ်လား မသိ ၊ ဆန်ပြုတ် ဖြစ်နိုင်မယ့် ဖြူဖြူဖပ်ဖပ် အပေါ်မှာ ငရုတ်ကောင်းနဲ့ ကြက်သွန်မြိတ် ဖြူးထားတဲ့ အရာကို တစ်ဇွန်း ယူခပ်ပြီး စားကြည့်လိုက်သည်။
' ရှောင်း လက်ရာ ကို မမီပေမယ့် စားလို့တော့ ဖြစ်ပါတယ်။'
ထိုစဉ် သူ့ အနား လူရိပ်ရောက်လာပါသည်။
' အကို ကျနော့်ကို ခေါ်တယ်ဆို။'
' အေး ... မင်းရဲ့ အရင် အလုပ်ကို သွားအုံးမှာလား။'
' အဲ့ဒါက အချိန်ပိုင်း အလုပ်ပါ။ ပြီးတော့ ဒီရက်ပိုင်း ကျနော် ပျက်တာ များနေတော့ အလုပ်တောင် ဖြုတ်ခံရပြီ ထင်တယ်။'
' ဒါဆို ... ဒီနေ့တော့ ငါနဲ့ လိုက်ခဲ့လိုက်။ ရှောင်း ရဲ့ အရင်ဆိုင်က ပစ္စည်းတွေကို အိမ်အသစ် ကို ရွှေ့မှာ။ ဒီနေ့တော့ မင်း အဲ့ဒါ လိုက်ကူပေါ့။ တကယ်လို့ နောက်နေ့မှာ Taxi ပြန်မောင်းချင်တယ် ဆိုရင်လည်း ငါ ဦးလေးချန် ကို ပြောပေးမယ်။'
YOU ARE READING
Even Replace ( Completed )
Fanfictionသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12