ပေကျင်း ဂေါဖ့်ကလပ် တစ်ခုထဲတွင် ဂေါဖ့် ရိုက်နေတဲ့ လူတွေကို ထီး လိုက်ဆောင်းပေးနေတဲ့ လူတွေ ၊ ဂေါဖ့်သီးတွေ လိုက်သိမ်းပေးတဲ့လူတွေ ၊ မရိုက်ရသေးပဲ ကွင်းထဲက ကား ပတ်စီးပြီး နေရာ ရှာနေတဲ့ လူတွေ ၊ ပြီးတော့ အပန်းဖြေ နေရာမှာ စားစရာ တွေ မှာပြီး အနားယူရင် အချင်းချင်း စကားထိုင်ပြောနေတဲ့ လူတွေ တစ်ယောက် ပုံစံ တစ်မျိုးစီနဲ့ ကွင်းထဲမှာ လူတွေ ပြည့်နေတယ်။
ထိုထဲတွင်တော့ နေကာ မျက်မှန်အမဲလေး တပ်ပြီး သူ့အဖိုးလို ထီးဆောင်းပေးတဲ့ လူနဲ့ ဝမ်ဝူဟောက် တစ်ယောက် ဆရာကြီး စတိုင်လ်ဖမ်းပြီး သူ့အဖိုး ဂေါဖ့်ရိုက်နေတဲ့ အနားမှာ ရှိနေတယ်။
ဝမ်လူကြီးမင်း သူ ဂေါဖ့် တစ်ခါ ရိုက်သွားတိုင်း သူ့ မြစ်လေး ခေါင်းလည်ပြီး လိုက်ကြည့်တာကို ကြည့်ပြီး သဘောတွေ ကျနေတယ်။
ဝမ်လူကြီးမင်း နောက်ထပ် တစ်လုံး နှစ်လုံး ရိုက်ပြီး နားဖို့ တွေးလိုက်သည်။ ဒါကြောင့် ဂေါဖ့်ရိုက်သံကို အိတ်ထဲ ထည့်လိုက်ပြီး လက်က လက်အိတ်တွေကို ချွတ်လိုက်သည်။
' ကဲ ... သိမ်းလိုက်တော့။'
' လူကြီးမင်း ဆက်မရိုက်တော့ဘူးလား။'
' မရိုက်တော့ဘူး။ ငါ့ မြစ်လေး ကို နေအရမ်းအပူတော့မှာ။'
အတွင်းရေးမှုး တုချိန် တစ်ယောက် လူကြီးမင်း နားတော့မယ် ဆိုတာနဲ့ အနားက ကောင်လေးကို ဂေါဖ့်အိတ် သိမ်းသွားဖို့ အချက်ပြလိုက်ပြီး သူက ဝူဟောက်လေးကို ကောက်ချီလိုက်သည်။
သူ့မှာလည်း သူဌေးက အလုပ် နားလိုက်ပေမယ့် အရင်က အတွင်းရေးမှုး ရာထူးကနေ အခုဆို လူကြီးမင်းရဲ့ ဘော်ဒီကတ် အဖြစ်ကို ပြောင်းသွားရတယ်။
' ဘိုးဘိုး ... မရိုက်တော့ဘူးလား။'
ဝမ် အဖိုး တုချိန် လက်ထဲက ဝူဟောက်ရဲ့ မျက်နှာကို ထိလိုက်ပြီး ...
' မရိုက်တော့ဘူး။ ဝူဟောက်လေးက ဗိုက်မဆာသေးဘူးလား။ ဖိုးဖိုးက မုန့်လိုက်ကျွေးတော့မလို့။'
' တားက ဘိုးဘိုး ရိုက်တာ ကြည့်ချင်တာ။'
' ဘယ်လိုလဲ မိုက်လား ဖိုးဖိုး ရိုက်တာ။'
YOU ARE READING
Even Replace ( Completed )
Fanfictionသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12