YiZhan ကားဝပ်ရှော့တွင် ...
' ဟျောင့် ... ခုန ငါပါ လိုက်သွားရမှာနော်။'
' ဘာလဲ ... မင်းလည်း အဲ့ဒီချောမောမှုအောက်မှာ ကျရှုံးသွားပြီလား။'
' မင်းလည်း ခုန မျက်လုံး ကျွတ်ကျမတတ် ကြည့်နေခဲ့တာပဲမလား။'
' အဟီး ... အေးဟ။ ချောတာတော့ တော်တော် ချောတာနော်။ သူဌေးသားလို့ မပြောရဘူး ဖြူအုပြီး နုဖတ်နေတာ။ နေမထိ လေမထိ နေလာခဲ့တာများလားပဲ။'
' အေးလေ။ ပြီးတော့ တစ်ချို့ သူဌေးတွေလို လူတိုင်းကို မတူသလို မတန်သလို မဆက်ဆံဘူး။ ခုနကလည်း ဒီဆိုင်ထဲက မျက်နှာ မည်းနေတဲ့ ကောင်တွေ ဝပ်ရှော့ င်္အကျီနဲ့ ညစ်ပတ်နေတဲ့ ကောင်တွေကိုလည်း အကုန်လုံးကို ပြုံးပြနေသေးတာ။'
' အေး ... ငါ့ကိုလည်း ပြုံးပြတယ်။ ရှေ့သွား နှစ်ချောင်း ကြီးနေတာကလည်း ရုပ်မဆိုးပဲ ချစ်စရာတောင် ကောင်းနေသေးတယ်။'
' အေးကွာ ... ဒီမှာသာ အရေးကြီး ကြည့်ရမယ့် ကားတွေ ရှိမနေရင် ငါ လိုက်သွားတယ်။'
ကားဝပ်ရှော့က ကောင်လေး နှစ်ယောက် ရှေ့မကြည့် နောက်မကြည့်ပဲ ပြောချင်ရာ ပြောနေကြတယ်။ သူတို့ နှစ်ယောက်ရဲ့ အနီးနားက ရာသီဥတု အခြေနေ မကောင်းတာကို မသိပဲနဲ့ပေါ့။
ရိပေါ် အနောက်ကနေ ထွက်လာတော့ ကောင်လေး နှစ်ယောက် တွတ်ထိုးနေတာ မြင်ပေမယ့် ယောကျာ်းလေး သဘာဝ ပြောကြတာပဲ ဆိုပြီး ဘာမှမပြောပဲ လွှတ်ထားလိုက်မလို့ လုပ်နေစဉ် နားထဲမှာ ရှေ့သွား နှစ်ချောင်း ဆိုတဲ့ စကားက ခုန်ဝင်လာတာကြောင့် ပေကျင်း တစ်မြို့လုံး ဘယ်သူ ဘယ်လို ပုံစံ ရှိရှိ စိတ်မဝင်စားပေမယ့် ရှေ့သွားကြီး တာကို ချစ်စရာကောင်းနေသေးတဲ့ လူ ဆိုလို့ ရှောင်း ကိုပဲ ပြေးမြင်တယ်။' မင်းတို့ ဘယ်သူ့အကြောင်း ပြောနေကြတာလဲ။'
' ဟို ... ခုန ကျနော်တို့ ဝပ်ရှော့မှာ လာပြီး သူ့ ကား သွားကြည့်ပေးဖို့ လာပြောတဲ့ လူရဲ့ အကြောင်းပါ။'
ကောင်လေး နှစ်ယောက် ဆရာရိပေါ်ရဲ့ ခပ်မာမာ အသံကြောင့် ကုပ်ကုပ်လေးနဲ့ မျက်နှာငယ် ပြီး ပြောပြလိုက်သည်။

YOU ARE READING
Even Replace ( Completed )
Fanfictionသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12