Ep - 4

5K 270 7
                                        

ချစ်ခြင်းပြည့်စုံ စံအိမ် ....

' ဟိုကောင်က ဘာလဲ ကလေးတွေလို ချောင်မှာ စိတ်သွားကောက်ပြီး အချော့ခံချင်နေတာလား။'

' ရော့ ... သူ့ဖုန်း ကို မင်းပဲ ယူထားလိုက်။ ဖုန်း လာတိုင်း ဟိုကောင့် နာမည် ကို အချစ် လို့ မှတ်ထားတာ မြင်နေရတာက ကြာရင် ငါ ပစ်ပေါက်မိတော့မယ်။'

ရိဖုန်း လိန်ဖုန်း ပြန်ပစ်ပေးလာတဲ့ ရိပေါ်ရဲ့ ဖုန်းကို ယူထားလိုက်ပြီး ဘာမှမပြော မျက်နှာလည်း မကောင်းတဲ့ ရှောင်း ကို မေးငေါ့ ပြလိုက်သည်။

လိန်ဖုန်းလည်း သူ့ကို မေးငေါ့ ပြလာတာကို ခေါင်းပြန်ခါပြလိုက်ပြီး ငါက ဘာလုပ်နိုင်မှာလဲ ဆိုတဲ့ ပုံစံ နဲ့ ပြန်လုပ်ပြလိုက်သည်။

~~~~~~~~~

' ပါပါး ... ကိုကို့ကို ဟိုလူက မချစ်ဘူးထင်တယ်။ ကိုကို သနားပါတယ်။'

' ဘေဘီ က ဘယ်လို သိတာလဲ မချစ်တာကို။'

' သူ့မျက်လုံးထဲမှာ ကိုကို့ ကို သဘောကျနေတာမျိုးတောင် မတွေ့ရဘူးလေ။ ပြီးတော့ ကိုကို့ ကို အနိုင်ကျင့်နေမယ့် ပုံနဲ့။ ပါပါး ကိုကို့ ကို ခေါ်ထုတ်လို့ ရမယ့် နည်းလမ်း မရှိဘူးလား။'

' ပါပါးက နည်းလမ်း ရှိရင်တောင် ဘေဘီ ရဲ့ ကိုကိုက ဟိုကောင်လေးရဲ့ အနားကနေ မထွက်လာချင်ခဲ့ရင် ပါပါးလည်း ဘာမှ လုပ်ပေးလို့ မရဘူးလေ။ ဘေဘီ ရဲ့ ကိုကိုက ဟိုကောင်လေး ကို အရမ်းချစ်နေတာ။'

' ဟွန့် !!!.'

ကျင်းရှင်း ပါပါး ရဲ့ စကားကြောင့် နှာခေါင်း ရှုံ့လိုက်ပြီး ...

' သားတို့ ဒီတစ်ခေါက် အမေရိကား ပြန်ရင် ကိုကို့ ကို ဟိုလူနဲ့ ဝေးအောင် ခေါ်သွားချင်လိုက်တာ။'

' အင်း ... မပြန်ခင် ဘေဘီ ရဲ့ ကိုကို လိုက်ချင်ပါစေလို့ ဆုတောင်းရုံပဲ ရှိတာပေါ့။'

' ဒါဆို သား မှာ အချိန် ဘယ်လောက် ရသေးလဲ။'

' နွေ ရာသီ ကျောင်းပိတ်ရက် အတွင်းပေါ့။'

' အိုခေ ... သား ကိုကို့ ကို ခေါ်သွားနိုင်အောင် လုပ်မယ်။'

' လုပ် ဘေဘီ။ ပါပါး အားပေးတယ်။'

Even Replace ( Completed )Where stories live. Discover now