" Xiao Jewellery" ဆိုင်တွင် ....
ရှောင်းကျန့် ဒီနေ့ တမနက်လုံး ဖွား ကို လိုက်ပို့ရတာရော အိမ်ပြန်ပြီး အန်တီ ယွမ် တို့ သား အမိ ကို စကားပြောတာရော အလုပ်များခဲ့ရတာကြောင့် အခု ဆိုင်ကို နေ့ခင်း ထမင်းစားချိန် နီးမှ ရောက်လာရတယ်။
သူ ဆိုင်ကို ရောက်တော့ အရောင်းဝန်ထမ်း ကောင်မလေးတွေပဲ ရှိနေပြီး ခေါင် နှစ်ယောက်ကို မတွေ့ရပါ။
သူ ဝင်လာတာ တွေ့တော့ ဆိုင်က ကောင်မလေးက သူ့ဆီ ရောက်လာပြီး ...
' ရှောင်း ကော ခုမှ ရောက်တာလား။ ခုန ကျင်းပေါင်ကော နဲ့ လန်ဟွား ကျဲ တောင်ပြောနေတာ လက်ထပ်ထားတာ မကြာသေးတော့ အလုပ် မဆင်းသေးဘူး ထင်တယ် တဲ့။'
ရှောင်းကျန့် ကောင်မလေးရဲ့ စကားကြောင့် ရှက်ပြုံးလည်း မပြုံးဖြစ်ပါ။ သူတို့ လက်ထပ်တာ ရှက်ပြီး မျက်နှာနီစရာ ကိစ္စတွေမှ မဖြစ်ခဲ့ကြတာ။
' ဘာဆိုင်လဲ ... အခု အဲ့နှစ်ယောက် ဘယ်ရောက်နေတာလဲ။'
' ရှောင်း ကော ရှေ့တင်ပဲ ထွက်သွားကြတာ။ ကော်ဖီ သွားဝယ်မယ် လို့ ကြားတယ်။'
' ဪ ... ဟုတ်ပြီ။ ဒါဆို လုပ်စရာ ရှိတာ သွားလုပ်တော့ ...'
' ဟုတ်ကဲ့။'
ရှောင်းကျန့် ဆိုင်ထဲမှာ ရုံးခန်း လို ကန့်ထားတဲ့ အခန်းထဲ ဝင်လာပြီး ကော်ဖီလည်း သောက်ချင်စိတ် မရှိတာကြောင့် လန်ဟွား ဆီ ကော်ဖီ မှာဖို့ စိတ်ကူးကို ဖျောက်လိုက်ပြီး ဒီဇိုင်း အသစ်တွေ လေ့လာဖို့ ကွန်ပျူတာပဲ ဖွင့်လိုက်တော့သည်။
~~~~~~~~~
' Summer Night Cafe' တွင် ...
' လန်ဟွား ... နင် ရပ်နေတာ ကြာပြီ။ ဘာမှမလဲ မုန့်ကကော ဘာယူမလဲ။ မြန်မြန်ယူလေ ... ရှောင်း ဆိုင်မလာပါဘူးဆို ငါတို့က ဒီမှာ အချိန် လာဖြုန်းနေလို့ မရဘူး။'
လန်ဟွား ... ကော်ဖီ သွားဝယ်ကြမယ်ဆိုပြီး ခုန ခေါ်တာ သူ မဟုတ်တဲ့ အတိုင်း အခုမှ လူကို လာ လောနေတဲ့ ကျင်းပေါင် ကြောင့် လက်မောင်း လာတို့တာကို ရှောင် လိုက်ပြီး ကောင်တာ နောက်က မီနူး ကိုပဲ ဆက်ကြည့်နေလိုက်သည်။
YOU ARE READING
Even Replace ( Completed )
Fanfictionသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12