ကားနောက်ဖုံး မှန်မှာ Child in board ( ကားထဲမှာ ကလေး ပါသည်) ဆိုတဲ့ စတစ်ကာ ကပ်ထားတဲ့ ကားထဲတွင်တော့ Lover Seat မှာ ထိုင်ထားတဲ့ ကောင်လေး တစ်ယောက်ရဲ့ လက်ပေါ်မှာတော့ မျက်လုံးလေး ဝိုင်းဝိုင်းနဲ့ ကလေးလေး က အပြင်သွားနေရတာကို သိနေတဲ့ အတိုင်း ဟိုကြည့် ဒီကြည့်နဲ့ ရှိနေပြီး ကားမောင်းသူ နေရာက ကောင်လေး တစ်ယောက်ကလည်း ကားထဲမှာ ကလေး ပါနေတာကြောင့် ကား ကို ဂရုတစိုက်နဲ့ မောင်းနေပါတယ်။
' ရှောင်း ... ဘယ်ကို သွားမလဲ။'
' အိမ်နဲ့ သိပ်မဝေးတဲ့ Mall ကိုပဲ သွားလိုက်လေ။'
' ကလေးကို ဒီတိုင်းပဲ ချီသွားမလို့လား။'
' အင်း ဒီတိုင်းပဲ ချီမှ ရမယ်။ ကလေး ပိုးလို့ ရတဲ့ဟာ မဝယ်ရသေးဘူး။'
' ဒါဆို ပြီးမှ ငါ ချီလိုက်မယ်လေ။'
' အင်း။'
~~~~~~~~~~~
No. 2 - ' ငါတို့ ဒီနေ့ ဒီလောက်နဲ့ပဲ ပြန်ရမယ် ထင်တယ်။'
No. 1 - ' ဘာဖြစ်ပြန်ပြီလဲ။'
No. 2 - ' ဘာဖြစ်ရမှာလဲ။ သူတို့က ဒီနေ့ တစ်ယောက်နဲ့ တစ်ယောက် ခွါနေမယ့် အစီစဉ် ရှိနေတယ််များ ထင်နေသေးတာလား။'
No. 3 - ' အေးလေ ... အခု အပြင်သွားတယ်ဆိုပေမယ့် ကြားဖြတ် ဆွဲလိုက်ဖို့က အခွင့်ရေး နည်းမယ်လို့ ထင်တာပဲ။'
No. 1 - နံပတ် ၃ ကို ကြည့်လိုက်ပြီး ...
' မင်း ကားကိုပဲ အာရုံစိုက်မောင်းပြီး သူတို့ ကားနောက်သာ လိုက်နေစမ်းပါ။'No. 2 - နံပတ် ၁ ကို ကြည့်လိုက်ပြီး ...
' မင်းလည်း ငါတို့ ပြောသလို စဉ်းစားနေတာပဲမလား။ ဒီနေ့တော့ ပြန်ရအောင် ငါတို့ မနေ့ကတည်းက စောင့်ကြည့်နေတာ ကောင်းကောင်းလည်း မအိပ်ရသေးဘူး။ ဒီနေ့တော့ စောစောပြန်နားပြီး ဒီထက် ပိုကောင်းတဲ့ အစီအစဉ် ဆွဲရအောင်။'No. 1 ဟိုနှစ်ယောက် ပြောတာကို သဘောမတူတာ မဟုတ်ပါ။ သူလည်း ဒီနေ့တော့ တပ် ပြန်ခေါက်ဖို့ စဉ်းစားနေတာပဲ ဖြစ်သည်။ ဘေးမှာ အပိုလူ ရှိနေရင် သူတို့ ၃ ယောက်ပဲနဲ့ လူ တစ်ယောက်လုံး ပြန်ပေးဆွဲလို့ မဖြစ်တာကို သူလည်း နားလည်ပါတယ်။
YOU ARE READING
Even Replace ( Completed )
Fanfictionသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12