Ep - 30

2.6K 95 3
                                    

ရဲစခန်းတွင် ...

' မား !!!.'

' သမီး ... ဘယ်လိုဖြစ်တာလဲ။'

' မား ... ဟင့် ဟင့် ... သမီးကို ကယ်ပါ။'

မူ အမျိုးသမီး ကိုယ့်သားသမီး ကို ခုလို သံတိုင်နောက်မှာ လာတွေ့ရမယ်လို့ တစ်ခါမှ မတွေးထားဖူးပါ။ သူ ရောက်တာနဲ့ သူ့ရဲ့လက်ကို လာကိုင်ပြီး ငိုနေတဲ့ သမီး ကို ကြည့်ပြီး သူလည်း ရင်တွေ နာရပါသည်။

' ရိပေါ် ... ဝမ်ရိပေါ် ကို သွားတောင်းပန်ပေးပါ။ သူ့ကို သမီးကို ထောင်မချဖို့ သွားတောင်းပန်ပေးပါ။ နော် ... မား။ သမီး မှားသွားပါပြီလို့ သွားပြောပေးပါ။ ဟင့် ဟင့် ...'

မူ အမျိုးသမီး ပါးနှစ်ဖက်လုံးလည်း နီရဲနေပြီး မျက်ရည်တွေကျနေတဲ့ သမီးရဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်ပြီး စိတ်ချမ်းသာအောင် ပြောပေးလိုက်သည်။

' အင်း အင်း။ မား ပြောပေးမယ်။ သမီး စိတ်အေးအေး ထားနော်။'

မူ အမျိုးသမီး သမီး နားက ခွါလိုက်ပြီး စခန်းမှုး နဲ့ စကားပြောနေတဲ့ ဝမ်ရိပေါ်ဆီ လာလိုက်သည်။

' ရိပေါ် !!!.'

ရိပေါ် ဒီမိသားစုရဲ့ မျက်နှာကို မကြည့်ချင်တော့ပေမယ့် အခုက သူ့ကိစ္စ ဖြစ်နေတာကြောင့် လှည့်ကြည့်လိုက်သည်။

' အန်တီ တောင်းပန်ပါတယ်။ သမီးလည်း အခု သူ့အမှား သူ သိနေပါပြီ။ သမီး ကို သက်ညှာပေးလို့ ရမလား။'

ရိပေါ် သံတိုင်နောက်မှာ ငိုနေတဲ့ အန့်ကုန်းကို လှမ်းကြည့်လိုက်ပြီး ...

' သူ မလုပ်ခင်ကတည်းက ဒီလို ကိစ္စတွေ ဖြစ်လာနိုင်တယ်ဆိုတာ စဉ်းစားထားရမှာ။ အခုမှ အမှားကို သိပါပြီ လာပြောနေလို့ ဖြစ်ပြီးတဲ့ ကိစ္စတွေ ပြန်ပြင်လို့ မရဘူး။ ဒီတော့ သူ့ကို ထောင်ထမင်း သွားစားဖို့ပဲ စောင့်နေခိုင်းလိုက်ပါ။'

မူ အမျိုးသမီး လေသံမှာတင် အလျော့ပေးဖို့ အစီအစဉ် မရှိတဲ့ ဝမ်ရိပေါ်ကြောင့် မျက်နှာ ဖြူဆုတ်သွားရသည်။

ထိုစဉ် ...

' မား ... ကျဲ ရော ... ကျဲ ဖမ်းခံရတယ်ဆို။'

Even Replace ( Completed )Where stories live. Discover now