Beijing မြို့၏ နာမည်ကြီး စားသောက်ဆိုင်ရဲ့ သီးသန့်ခန်းထဲတွင် မိသားစု ၂ စု ရဲ့ ကလေးတွေ အသံနဲ့ စီစီညံနေပါသည်။
' မီး လည်း ဝူ ကောကော လို ကိုယ့်ဘာသာ စားမယ်။'
' ငယ် လည်း ကိုယ့်ဘာသာပဲ စားမယ်။ ပါပါး ခွံ့နဲ့တော့။'
' မရဘူးလေ။ ဒါ ... ပါပါးတို့ အိမ်မှာ မဟုတ်ဘူး။ ပြီးတော့ ကိုယ့်ဘာသာ စားရင် တော်တော်နဲ့ ပြီးမှာ မဟုတ်တော့ဘူး။'
ရှောင်းကျန့် သူ့သမီး နှစ်ယောက်နဲ့ ရှုပ်နေတဲ့ ကျင်းပေါင်ကို ကြည့်လိုက်ပြီး ...
' သူတို့ဘာသာ စားချင်လည်း ပေးစားလိုက်ပါ။ အခု ဒီမှာ ရှိနေတာ သူစိမ်းမှ မပါတာ။ ကလေးတွေက တစ်ယောက် လုပ်ရင် နောက်က လိုက်လုပ်ချင်ကြတယ်။'
ရိဖုန်းလည်း ရှောင်း ပြောတာကို ထောက်ခံတဲ့သဘောနဲ့ ထပ်ဝင်ပြောလိုက်သည်။
' ဟုတ်သားပဲ။ သူတို့ဘာသာ စားပါစေ။ မဟုတ်ရင် ငါတို့ လူကြီးတွေ စကား ကောင်း ပြောလို့ ရမှာ မဟုတ်ဘူး။'
ကျင်းပေါင်လည်း မောင် ရော ရှောင်း ပြောလာမှ သမီးတို့အတွက် ပန်းကန် သပ်သပ် စီ ထည့်ပေးလိုက်သည်။
ရှောင်းကျန့် ပန်းကန် ရသွားတော့ ပျော်သွားပြီး ကိုယ့်ပန်းကန် နဲ့ကိုယ် သေချာ စားနေကြတဲ့ အမွှာ နှစ်ယောက်ကို ကြည့်ပြီး သူ့ဘေးနားက သားသား ရဲ့ ပန်းကန်ထဲကို ဟင်းတွေ ထပ်ခပ်ထည့်ပေးလိုက်သည်။
' သားသား လည်း သေချာစားနော်။ ဖြေးဖြေးစား ထမင်းကိုလည်း သေချာဝါးပြီး စား။'
' ဟုတ် ...။'
ရိပေါ် လိန်ဖုန်း နဲ့ ရိဖုန်း ကို ကြည့်လိုက်ပြီး ...
' ငါတို့ သောက်စရာ မှာ မှာလား???.'
ရိပေါ် ပြောလာမှ လိန်ဖုန်း လည်း ရိဖုန်း ကို ကြည့်လိုက်သည်။ ရိဖုန်း သူ့ကို လူမိုက် လာငှါးနေတဲ့ ဟိုကောင်တွေကို တစ်ချက်ကြည့်ပြီး ကျင်းပေါင် နဲ့ ရှောင်း တို့ နှစ်ယောက်ကို လိုက်ကြည့်လိုက်သည်။
ရှောင်းကျန့် နဲ့ ကျင်းပေါင် လည်း ရိဖုန်း သူတို့မျက်နှာ အမူအရာ လာမကြည့်ခင်ကတည်းက ရိပေါ် ပြောတာကို ကြားကြပြီးသား။
YOU ARE READING
Even Replace ( Completed )
Fanfictionသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12