အပိုင်း - ၁-ပ

8K 684 15
                                    

(Unicode)

Chen Yu မင်းဆက် ၁၀ နှစ်မြောက် ....

လီချင်းယွီ ရေထဲကို ပြုတ်ကျခဲ့တယ်....
အချိန်တော်တော်ကြာ မေ့မျောနေခဲ့ပြီးတဲ့နောက် သူပြန်နိုးလာတဲ့အချိန်မှာ သူအခုနေနေတဲ့လောကကြီးက BL ဝတ္ထုတစ်ခုသာဖြစ်တယ်ဆိုတာကို သိလိုက်ရသည်။
သူကလည်း ဝတ္ထုထဲက ဇာတ်ကောင် တစ်ခုသာဖြစ်ပြီး အကျင့်မကောင်းတဲ့ ဗီလိန် ဘုရင် တစ်ယောက်လည်း ဖြစ်နေပါသေးသည်။

ဒီအကြောင်းတွေကို သူသိလိုက်ရပြီးနောက်ပိုင်းမှာတော့ အရမ်းကို ရှော့ခ်ရသွားခဲ့ပါသည်။
ဘာလို့လဲဆိုတော့ ဇာတ်ကြောင်းအရဆိုရင် သူက အဓိက ဇာတ်ကောင်ကို သဘောကျမိလို့ သူ့အချစ်ကို ရယူဖို့အတွက် အကျဉ်းချထားပြီး အနိုင်ကျင့်ရုံသာမက သူ့တိုင်းပြည်ကိုပါ သိမ်းပိုက် ဖျက်ဆီး ခဲ့ပါသည်။ အဓိကဇာတ်ကောင်ကို သူ့ကိုယ်လုပ်တော်အဖြစ် ထားခဲ့ပြီး သူ့ဂုဏ်သိက္ခာကို ချနင်းခဲ့ပါသည်။

လီချင်းယွီက ယုံးကုန်းတိုင်းပြည်ရဲ့ ၁၇ ယောက်မင်း ဖြစ်ပါသည်။ လူတွေက သူ့ကို ကြမ်းတမ်းရက်စက်တဲ့မင်း၊ ကြင်နာမှုမဲ့ပြီး လူသတ်ဖို့ ဝန်မလေးတဲ့အပြင် အိမ်ထောင်ရေးဖောက်ပြန်တာကို ကြိုက်နှစ်သက်ပြီး၊ မာနက မိုးလောက်ကြီးပြီး ဇိမ်ခံတာကိုပဲ ကြိုက်တဲ့ မင်း ဆိုပြီး ပြောကြပါသည်။ သူတို့ပြောတာတွေလည်း မမှားပါဘူး။ သွေးပင်လယ်လိုဖြစ်နေတဲ့ မင်းမျိုးနွယ်ထဲမှာ အောင်နိုင်သူအဖြစ် ရပ်တည်နိုင်ဖို့အတွက် သူ့အစ်ကိုတွေကို စတေးခဲ့ရသည်၊ ဒါမှသာလျှင် ထီးနန်းအတွက် သူ့ကို ဘယ်သူမှ လာရောက် ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပေ။

သူရဲ့ တင်းကျပ်တဲ့ နိုင်ငံရေး နဲ့ လူသတ်မှုတိုက်ပွဲတွေအောက်မှာတွင်ပဲ ယုံး တိုင်းပြည်က Kyushu တစ်လျှောက်မှာ နယ်နံမိတ် ရှည်လျားတဲ့ နိုင်ငံတစ်ခုဖြစ်ခဲ့ပါသည်။ ဒါပေမယ့်လဲ စစ်ပွဲ နဲ့ တင်းကျပ်တဲ့ အစိုးရစနစ်တွေကြောင့် ပြည်သူ/ပြည်သား အသေအကျေတွေ များလာပြီး သူတို့ မိသားစုတွေရဲ့ မျက်ရည်တွေမှာလည်း မခမ်းခြောက်နိုင်ခဲ့ပါဘူး။

လီချင်းယွီက တစ်ကမ္ဘာလုံးရဲ့ အပုပ်ချ ပြောဆိုမှုကို ခံခဲ့ရပါသည်။
တစ်ချို့လူတွေက သူ့ကို ကိုးကွယ်ပြီး ဒုက္ခရောက်နေတဲ့အချိန်မှာ သူရဲကောင်းလို့ ခေါ်ကြပါသည်။
တစ်ချို့လူတွေကတော့ သူ့ကို မုန်းတီးကြပြီး ခွေးလောက်တောင် အဆင့်မရှိဘူးလို့ ထင်ကြပါသည်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now