အပိုင်း-၂၃

2.6K 456 16
                                    

ညအချိန်သို့ ရောက်သောအခါ ယုံးနန်းတော်သည် စည်းကားသိုက်မြိုက်စွာဖြင့် အလွန်အသက်ဝင်နေလှသည်။ မိန်းမစိုးများက ညစားပွဲအတွက် အလုပ်များနေပြီး လုံခြုံရေးကို ကိုယ်ရံတော်များက တာဝန်ယူထားပါသည်။ နိုင်ငံ ၃ နိုင်ငံမှာ ကိုယ်စားလှယ်များကို ညစားပွဲသို့ ရောက်လာကြပြီး ကိုယ်စီနေရာကို လက်ခံရယူလိုက်ပြီး ထိုင်နေကြပြီဖြစ်ပါသည်။

နန်းတွင်း ဥယျာဉ်ရှိ အနီရောင် မီးအိမ်များသည် မြင့်မားစွာ ချိတ်ဆွဲထားပြီး နှစ်သစ်ကူး၏ ပျော်ရွှင်မှုကို ချန်ထားဆဲဖြစ်သည်။

ယုံးနိုင်ငံရဲ့ ရာနှင့်ချီသော အရာရှိများသည် ၎င်းတို့၏ မိသားစုများနှင့် အစေခံများအား ညစာစားပွဲသို့ ခေါ်ဆောင်ကာ သက်ဆိုင်ရာ ခုံများတွင် ထိုင်ကြသည်။

နန်းတွင်း ဥယျာဉ်အပြင်ဘက်.....

ကျင်း ပြည်နယ်မှ မင်းသား ဟဲလျန်းချန် သည် အနက်ရောင် အခံ ရွှေရောင် ၀တ်စုံကို ၀တ်ဆင်ထားသည်။ သူ၏ နက်မှောင်သော မျက်လုံးများသည် ဥယျာဉ်ရှိ ရှုခင်းများနှင့် အလုပ်များသော အစေခံများကို ကြည့်လိုက်ပြီး သူ့ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးသွားကြသည်။

"အရှင်မင်းသား၊ ယုံးပြည်နယ်ရဲ့ အင်အားက ကြားဖူးတဲ့အတိုင်း အလွန်တောင့်တင်းလှပါတယ်။" မိန်းမစိုးက ကြည့်လိုက်ပြီး မနာလိုဖြစ်သွားသည့် အသံဖြင့် ပြောလိုက်သည်။

ဟဲလျန်းချန်ရဲ့ မျက်လုံးတွေက စူးရှနေပြီး နတ်ဆိုးကဲ့သို့ ခံစားချက်များ အနည်းငယ် ကြွတက်လာသည်-
"ဒါက လေသက်သက်ပါပဲ"

"အရှင်မင်းကြီး၊ ယုံးတိုင်းပြည်ရဲ့ အင်အားအစစ်မှန်ကို သေချာသိဖို့ အတွက်ဖော်ထုတ်တော့မှာလား"
မိန်းမစိုးလေးက တိုးတိုးလေးမေးလိုက်သည် ။

ဟဲလျန်းချန်က ကောက်ကျစ်စဉ်းလှဲသည့် အပြုံးကို ပြုံးလိုက်ပြီး
"ယုံးနိုင်ငံ အင်အားက မည်မျှပင် ကြီးမားနေပါစေ၊ ကိုယ်တော်ကယုံးနိုင်ငံကို မရရအောင်သိမ်းမှာ၊ ကျင်းနိုင်ငံရဲ့ လက်အောက်ခံနိုင်ငံ ဖြစ်စေရမယ်"

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များDonde viven las historias. Descúbrelo ahora