အပိုင်း - ၂၂

2.5K 422 17
                                    

ထိုနေ့မှစ၍ သုကူးလီ သည် လီချင်းယွီ နှင့် စကားသိပ်မပြောဖြစ်တော့ပေ။ သူတို့နှစ်ဦးကြားက ဆက်ဆံရေးဟာ အနည်းငယ် တင်းမာနေပြီး ရှင်းမပြနိုင်တဲ့ အငွေ့အသက်တွေလည်း ရှိနေပုံရပါသည်။

လီချင်းလန်သည် လီချင်းယွီ ဆီ မကြာသေးမီရက်များအတွင်း နေ့တိုင်း လာ ဆော့ကစားနေပြီး စိတ်ဝင်စားဖွယ်အကြောင်းများကိုလည်း စီကာပတ်ကုံး ပြောပြခဲ့သည်။

ဆုယွီလည်း သူ့ဒဏ်ရာက ပြင်းထန်သော်ကြောင့် ဘယ်သူ့ကိုမှ အတွေ့မခံပဲ သူ့ဘာသူ ကုနေတဲ့အတွက်ကြောင့် သူ့ကို မတွေ့ရသည်မှာလည်း ကြာပြီဖြစ်သည်။

နန်းတော် တစ်ခွင်လုံးကလည်း လာမည့် နွေဦးပွဲတော်တွင် ယုံးနိုင်ငံကို လာရောက်ကြမည့် နိုင်ငံ ၃ နိုင်ငံကို ဧည့်ခံဖို့အတွက် ပြင်ဆင်ကြရင်း အလုပ်ရှုပ်နေကြသည်။

ဒီလိုနဲ့ပဲ အချိန်တွေက နေ့စဥ် ကုန်လာခဲ့သည်.......

နှင်းများထူထပ်စွာကျပြီးနောက် နှစ်သစ်ကူးအကြိုနေ့ကို ကျရောက်ရှိလာပြီး ကျူရှူးတစ်ခွင်လုံး ပွဲလမ်းသဘင်များစွာဖြင့် ပျော်ရွှင်စရာ ကောင်းလှသည်။ မိသားစုတိုင်းဟာ မီးရောင်တွေကို အိမ်မှာအလှဆင်ကြပြီး နှစ်သစ်ကို ရောက်ရှိလာဖို့ စောင့်မျှော်နေကြပါသည်။

ယခုနှစ် ဆောင်းရာသီသည် အရင်နှစ်တွေထက် အအေးပိုလှပါသည်။

ပွဲတော် တတိယမြောက်နေ့တွင်၊ ကျုံး ပြည်နယ်၊ ကျင်းပြည်နယ်နှင့် မြှောင်းကျန်းမှ သံတမန်များသည် ယုံး ပြည်နယ်သို့ တယောက်ပြီးတယောက် ရောက်လာကြသည်။ လီချင်းယွီ နှင့် အမတ်များသည် သုံးနိုင်ငံမှ လာရောက်လည်ပတ်သော တော်ဝင်မှူးမတ်များကို နေထိုင်ရန် ကြိုဆိုခဲ့ကြသည်။ ယုံးတိုင်းပြည်ကြီး သည် အေးစက်သောလေထုထဲမှ ရုတ်တရက် အသက်ဝင်လာသည်။

ကျန်းပြည်နယ် သံတမန်ရောက်လာပြီး ခေါင်းဆောင်မှာ တော်ဝင်မင်းသား ဟဲလျန်းချန်ဖြစ်သည်။

ကျုံး ပြည်နယ်၏ သံတမန်ကို ကျုံး ဧကရာဇ်က ဦးဆောင်ခဲ့သည်။

မြှောင်းကျန်း ကို ဘုရင်ဧကရာဇ် ဆန်ရူယု နှင့် တော်ဝင်မင်းသားနှစ်ပါးတို့က ဦးဆောင်ခဲ့သည်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now