အပိုင်း ၁၀-ဒု

2.5K 462 5
                                    

"သူ့ကို အဆိပ်ဆက်တိုက်ရမယ်" သုကူးလီ က ပြောလိုက်သည်။
"သမားတော် ဆု ဘက်က တိုက်တာကို ခဏ ရပ်ထားလိုက်ပါ။ ဒီအတောအတွင်းမှာ ငါသူ့ကို အဆိပ် ဆက်တိုက်လိုက်မယ်၊ တစ်ခုခု သံသယ ဝင်ရင်တောင် သူက ငါ့ကိုဆိုသတိထားမှာ မဟုတ်ဘူး။"

ဆုယွီက သုကူးလီ ပြောတာကို ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်လိုက်သည်။

"သမားတော် ဆု၊ အခု သွားလို့ရပြီပါပြီ"

ဆုယွီသည် ဆေးသေတ္တာကို ထုပ်ပိုးကာ ယောင်ဟွား နန်းတော်မှ ထွက်သွားတော့မယ့်အချိန်တွင် ပြောစရာရှိသလို ဖြစ်နေသောကြောင့်

"တစ်ခြားဘာပြောစရာရှိသေးလို့လဲ" လို့ သုကူးလီက လေသံအေးအေးဖြင့် မေးလိုက်သည်။

ဆုယွီက သူ့ကို နှာမြောတသသဖြင့် ကြည့်လိုက်ရင်း "အားလီ ... သူ... မင်းကိုမထိဘူးမလား"

သုကူးလီက သူ့စကားကြောင့် ရွံရှာသွားပြီး " ငါက ယောက်ျားတွေကို မကြိုက်ဘူး ၊ သူသာ ငါ့ကို ထိရဲရင်...."

သူ့မျက်လုံးထဲတွင် ပြတ်ပြတ်သားသားဖြင့် လူသတ်ချင်သည့် အကြည့်တစ်ခုက ဖြတ်ပြေးသွားသည်။

အဲ့အဖြေကြောင့် ဆုယွီက စိတ်သက်သာရာ ရသွားသည်။

ရုတ်တရက် ဆုယွီ သည် လီချင်းယွီ ရဲ့ ပခုံးပေါ်ရှိ အနီရောင်အမှတ်ပုံစံကို သတိရသွားပြီး "သူ့ပခုံးမှာ အနီရောင် အမှတ် ရှိတယ်ဆိုတာ မင်းရော သတိထားမိလား၊ ​​ဒီနေ့ ရှင်းရှင်းလင်းလင်းတွေ့လိုက်ရလား၊ အဲဒီ အမှတ် ကို မြင်ပြီးပြီလား?"

သုကူးလီ အကြည့်များက အေးစက်နေကာ "ငါမမြင်ဖူးဘူး၊ သိလည်း မသိဘူး"

"ဟုတ်လား၊ အဲ့ဒါက ဒီတိုင်း မွေးရာပါ ရိုးရိုး အမှတ်အသားတစ်ခုပဲ နေမှာပါ" လို့ ဆုယွီက သူ အတွေးလွန်နေသည်ဟု ခံစားလိုက်မိပြီး ပြောလိုက်သည်။

ဒါပေမယ့် သူဖတ်ဖူးတဲ့ ရှေးဟောင်းစာအုပ်ထဲမှာ မျိုးသုဉ်းနေပြီ ဖြစ်တဲ့ မျိုးနွယ်စု တစ်ခု အကြောင်းကို သူသတိရမိလိုက်သည်။

"အလှမျိုးနွယ်စု" အကြောင်းကို သေချာမှတ်တမ်းတင်ထားတဲ့ ရှေးစာအုပ်တစ်အုပ်မှာ ပိုရှင်းပြီး ပိုသိသာတဲ့ အလှမျိုးနွယ်တွေမှာသာရှိတဲ့ ထင်ရှားတဲ့ အမှတ် ပုံစံတစ်ခုကို တွေ့ခဲ့ရသည်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now