လီချင်းယွင် က ဝတ်ရုံလက်ထဲမှ ဇီးပွင့်ပုံ လက်ကိုင်ပုဝါလေးကို ထုတ်လိုက်ပြီး ညင်သာစွာ နမ်းလိုက်သည်။ ထိုလက်ကိုင်ပုဝါလေးမှ သင်းပျံ့တဲ့ ရနံ့လေးတစ်ခုက သူ့ ရဲ့ မငြိမ်သက်သော နှလုံးသားကို တဖြည်းဖြည်း တည်ငြိမ်သွားစေပါတယ်......
"အရှင်မင်းကြီး ဘယ်မှာလဲ"
"မင်းသား လီ"
မိန်းမစိုးလေးက သူကူလီ ကိုတွေ့တဲ့ချိန် ပြုံးပြီး ကြိုဆိုလိုက်ပါတယ်။ အခုဆို သူကူးလီ က ဘုရင်မင်းမြတ်ရဲ့ အချစ်ရဆုံး သူ ဆိုတာ နန်းတော် ထဲ မသိသူ မရှိဖြစ်လို့ မင်းသားလီ ကို ဘယ်သူကမှ မလေးမစား မဆက်ဆံရဲဝံ့ပါ....
သူကူးလီ သည် ခန်းမထဲသို့ ဖြည်းညှင်းစွာဝင်ရောက်လာပြီး လီရှင်းယွင် ရှိရာသို့ လျှောက်လာခဲ့ပါသည်။ သူကူးလီ ကို မြင်လိုက်သောအခါ လီချင်းယွင် က ထိုင်နေရာမှ အမြန်ထပြီး သူကူးလီ ဆီပြေးသွားကာ ခါးကိုဖက်လိုက်ပြီး လည်ပင်းနားတွင် သူ့မျက်နှာကို မြှုပ်ထားကာ သူ့ရှေ့ရှိလူထံမှ ဇီးပွင့်မွှေးရနံ့ကို ရလိုက်တဲ့အခါမှသာ သူ သက်သောင့်သက်သာ ရှိသွားတော့တယ်...
သူကူးလီ ဆီမှာ ရတဲ့ တမူထူးခြားတဲ့ ရနံ့လေးကို သူအလွန်နှစ်သက်သည်။
သူကူးလီ က "အထိန်းတော် လု ကို အရှင်က ဆဋ္ဌမမင်းသား အတွက် ဆေးရှာခိုင်းနေတယ်လို့ ကျွန်တော် ကြားမိတယ်။ အခု နန်းတွင်းထဲမှာ အရှင်က လူမဆန်ဘူး၊ သူ့အစ်ကိုတောင် အလွတ်မပေးဘူးဆိုပြီး ပြောနေကြပြီ"
သူကူးလီ က သူ့လက်ထဲရှိ လူရဲ့ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်လာသည်ကို ခံစားလိုက်ရတဲ့အခါမှာတော့ သူ့မျက်ဆံများက အနည်းငယ်နက်သွားပြီး မျက်မှောင်ကြုတ်လိုက်ကာ လီချင်းယွင် ရဲ့ နောက်ကျောကို စိတ်မပါစွာဖြင့် ပွတ်ပေးရင်း ဝတ်ကျေတန်းကျေ ဖြေသိမ့်ပေးလိုက်သည်။
လီချင်းယွင် က ပြုံးလိုက်ပြီး "ဟုတ်တယ်၊ ကိုယ်တော့်ကို ဆန့်ကျင်တဲ့သူတိုင်း သေရမယ်။ လီရွှမ် က ဒီနေ့ ကိုယ်တော့်ကို တခြားနိုင်ငံတွေရှေ့မှာ အရှက်ခွဲလိုက်တာပဲ။အဲ့ဒါကြောင့် သူ ရူးသွားရုံနဲ့ မလုံလောက်တော့ဘူး။ သူ့ရဲ့သားစဉ်မျိုးဆက်အထိ ကိုယ်တော့်ဆီက ဘာမှ မယူသွားနိုင်အောင်လို့ သူ့ကို အပြစ်ပေးရမယ်!"
YOU ARE READING
ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များ
FantasyMyanmar Translation of 反派帝王生存攻略 I don't own any of this novel. This is just a fan translation and all credits go to the original author. This translation might be a little different from original because there is no English translation. I will trans...