အပိုင်း - ၃၀

2.9K 475 42
                                    

သုံးရက်အကြာ-

ယုံးနိုင်ငံရဲ့ ဆောင်းရာသီ အမဲလိုက်ပွဲတော်က တရားဝင် စတင်ပါပြီ။

နန်းတော်တွင်း ယုံးနိုင်ငံ ရဲ့ စစ်သူကြီးများနှင့်  စစ်တပ်များအားလုံးကို တန်းစီလျက် ယုံးနိုင်ငံရဲ့  ဂုဏ်အရှိဆုံး ဘုရင်မင်းမြတ်ကို ဝန်းရံထားကြသည်။

လီချင်းယွင်က အနီရောင် ၀တ်စုံနှင့်အတူ ချပ်ဝတ်တန်ဆာများကိုလည်း ဝတ်ဆင်ထားပြီး ဆံပင်ရှည်ကို အနက်ရောင် ဖဲဖြင့် စည်းထားသော ရွှေသရဖူကို ဆောင်ထားတဲ့ သူသည်  ကျက်သရေ အပြည့်နှင့် ကြည့်ကောင်းလှသည်။

နိုင်ငံ ၃ နိုင်ငံမှ သံတမန်များသည် ယုံးနိုင်ငံရဲ့ အင်အားကြီးမားသော စစ်တပ်ကို မြင်လိုက်သောအခါ အားလုံး ထိတ်လန့်သွားကြသည်။

ယုံးနိုင်ငံက စစ်သည်တော်များက အလွန်အစွမ်းထက်ပြီးတော်ကြလို့ လူတိုင်းက ကြောက်လန့်စေသည်။ စစ်သည်တော်တိုင်းက ကိုယ်ခံပညာတွင် ထူးချွန်ကြပြီး ရဲရင့်ကာ တိုက်ခိုက်ရေးတွင်လည်း တော်ကြသည်။ အမဲလိုက်ခြင်းကိုလည်း နှစ်သက်ကြသည်။

ယုံးနိုင်ငံရဲ့ အမဲလိုက်ပွဲတော်သည် တစ်နိုင်ငံလုံးအတွက် အရေးကြီးဆုံး စစ်ရေးပြအခမ်းအနားဖြစ်သည်။ တစ်နှစ်လျှင် အနည်းဆုံး စစ်ရေးလေ့ကျင့်မှု နှစ်ကြိမ်နှင့် လှုပ်ရှားမှုများကို ပြုလုပ်လေ့ရှိပြီး တစ်ချိန်တည်းတွင် အခြားနိုင်ငံများကိုလည်း ယုံးနိုင်ငံ ရဲ့ စစ်အင်အားကို ပြသနိုင်သည်။

စစ်ရေးလေ့ကျင့်မှု အပြောင်းအလဲကြောင့် စစ်မက်နည်းပါးသော နိုင်ငံအချို့သည် အမဲလိုက်ခြင်းကို တော်ဝင်ဖျော်ဖြေမှုအဖြစ် သတ်မှတ်ကြပြီး တောရိုင်းတိရစ္ဆာန်များကို အပျော်သဘောဖြင့် လိုက်ဖမ်းကြသည်။

ယုံးနိုင်ငံ နှင့် အခြားနိုင်ငံအချို့ကသာ အမဲလိုက်ခြင်းကို စစ်ရေးအခမ်းအနားအဖြစ် သတ်မှတ်ဆဲဖြစ်သည်။

...

စစ်သည်တော်များဦးဆောင်လာသော စစ်တပ်သည် နန်းတော်မှ ထွက်ခွာလာပြီး ယွင်ဟူ တောင်ဆီကို ဦးတည်သွားခဲ့ကြသည်။ အမဲလိုက်ကွင်းသည် ယွင်ဟူ တောင်ပေါ်တွင် တည်ရှိပြီး သစ်ပင်ထူထပ်​ ပြီး တောရိုင်းတိရစ္ဆာန်များစွာရှိတဲ့အတွက်ကြောင့် ၎င်းသည် အကောင်းဆုံး အမဲလိုက်မြေဖြစ်သည်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now