အပိုင်း - ၄၅

3.3K 490 30
                                    

တည်ခိုခန်း အခန်းထဲသို့ဝင်လာပြီး ပိုင်ကျင်းဆဲ့က
လီချင်းယွင် ကို ညင်သာစွာ ချလိုက်ပြီး ပေါ့ပါးသော အပြုံးဖြင့် သူ့ထံသို့ ချဉ်းကပ်လာကာ
"မရီး ငါ့ကို ဒီလို မကြည့်နဲ့၊ ပိုင်က မင်း သာယာမှု အထွတ်အထိပ် ရောက်အောင် သေချာ လုပ်ပေးပါ့မယ်"

    လီချင်းယွင် သူ့ ပါးကို အားနဲ့ ရိုက်ချလိုက်သည်

    ပိုင်ကျင်းဆဲ့ က သူ့လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး "ကျုံအာလ် ၊ ဒီသခင့်ပါးကို တစ်ခါရိုက်တာ ဘာမှ မဖြစ်ပေမယ့် ၊ နောက်တစ်ခါဆို ကိုယ့်ကို အပြစ်မတင်ပါနဲါ"

    ဖယောင်းတိုင်မီးသည် လီချင်းယွင် မျက်နှာကို ထင်ဟပ်နေပြီး  သင်းပျံ့လှတဲ့ ရနံ့ကလည်း အခန်းတစ်ခုလုံး မွှေးကြိုင်နေကာ ပိုင်ကျင်းဆဲ့ စိတ်ကို ကမောက်ကမ ဖြစ်စေပါသည်။

   ပိုင်ကျင်းဆဲ့ က သူ့မျက်နှာကို ဂရုတစိုက် စိုက်ကြည့်ရင်း လီချင်းယွင်ကို ပရောပရည်အသံဖြင့်
"ကျုံအာလ် မင်းရဲ့ရုပ်ရည်က အရမ်းဆွဲဆောင်မှုရှိတယ်။
သုကူးလီနောက်ကို မလိုက်နဲ့၊ကိုယ်ဆီသာလာခဲ့၊ မင်းကို ကောင်းကောင်းထားမှာပါ"

    လီချင်းယွင် ဒေါသထွက်လွန်းလို့ အသားတွေ တုန်လာပြီး
" ပိုင်ကျင်းဆဲ့၊ မင်းငါ့ကို ထိဝံ့ရင် မင်းကို ဒီနေရာမှာပဲသတ်ပြီးမြေမြှုပ်ပစ်လိုက်မယ်"

    ပိုင်ကျင်းဆဲ့က အဲ့ဩသည့်ရုပ်ဖြင့် - "မင်းအခုပြောလို့ရနေပြီ  ကြည့်ရတာမနေ့က အားလီ
ကြမ်းသွားလို့ မင်းအသံ ထွက်လာတာဖြစ်ရမယ်"

သူသည် လီချင်ယွင်လက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သု့အကြည့်တွေမှည ယောက်ျားတစ်ယောက် ရူးသွပ်ဆာလောင်မှု နှင့် ပိုင်ဆိုင်လိုသောဆန္ဒအပြည့်ဖြင့် လီချင်းယွင်ကို ကြည့်နေသည်

    "ကျုံအာလ် ၊ မင်းမှာ သြဇာအာဏာမရှိဘူး၊ မင်းလို မျက်နှာမျိုးက တစ်သက်လုံး အခန်းထဲ ပိတ်ထားပြီး အကျဉ်းချထားသင့်တာ၊  အားလီက နဂိုတည်းက အေးစက်နေတာမို့ မင်းကို တကယ်ချစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။"

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များTempat cerita menjadi hidup. Temukan sekarang