အပိုင်း - ၃၃ (ပ)

2.4K 416 8
                                    


"မဆိုးပါဘူး၊ ပဉ္စမမင်းသားဟာ မိဖုရားခေါင်ကြီးကမွေးတဲ့သားမဟုတ်ပေမယ့် သူ့မယ်တော်ကလည်း လေးနက်ကာ လူသိများပြီး မြင့်မြတ်တဲ့ မျိုးနွယ်စုကပဲ  ဖြစ်တယ်။"

ဟူပိန် သည် တစ်စုံတစ်ရာကို အဓိပ္ပါယ်ရှိရှိ ရည်ရွယ်ပြောကာ  လီချင်းယွင် ကို မထီမဲ့မြင်ပြုပြီး
"အရှင်မင်းကြီး ရဲ့ မယ်တော် ဖြစ်တဲ့ ကိုယ်လုပ်တော် သွမ်က လူပေါင်းထောင်ချီကိုသတ်ခဲ့တဲ့ နတ်ဆိုးတစ်ယောက်ဖြစ်တဲ့အပြင် သူ့ကြောင့် နန်းတွင်းအခြေအနေတွေက ကမောက်ကမဖြစ်ခဲ့ရပြီး အေးချမ်းတဲ့နေ့ကို မရှိခဲ့ဘူး!"

"အဲဒီအချိန် နှောင်းဘုရင်က ကိုယ်လုပ်တော် သွမ်ကို သေမိန့်ပေးမယ့်နေ့ကို ငါတို့ နေ့တိုင်းကို စောင့်နေခဲ့ရတာ ။ တကယ်တော့ နှောင်းဘုရင်က ကိုယ်လုပ်တော် သွမ် ကို သတ်လိုက်တာဟာ ပညာရှိလုပ်ရပ်ပဲ"

"အရင်ဘုရင်က မင်းလို မကောင်းတဲ့လူမျိုးကို သတ်ဖို့ နှလုံးသားမရှိတာကတော့ သနားစရာပဲ!"
ဟူပိန်က အေးတိအေးစက်နဲ့
"မင်းဟာ ရာဇပလ္လင်ကို အမွေခံလိုတဲ့ ပြည့်တန်ဆာတစ်ယောက်က မွေးလာတဲ့ လူပဲ။ နှစ်ပေါင်းများစွာ ငါမင်းရှေ့မှာ ဒူးထောက်နေရတာကို တွေးလိုက်တာနဲ့ တကယ်ကို ရွံရှာစရာကောင်းတယ်!"

လီချင်းယွင်သည် ညအောက်တွင် မီးတောက်ကဲ့သို့ အနီရောင်ဝတ်ရုံ ၀တ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်သည် ဖြောင့်စင်းနေကာ ခြေကျင်းဝတ်တွင် နာကျင်နေသော ဝေဒနာကြောင့် မျက်နှာဖြူဖျော့သွားသော်လည်း သူ့အားနည်းချက်ကို မပြနိုင်ပေ။

သူ့မာနက ခွင့်မပြု၊

သူ့အားနည်းချက်ကို ရန်သူကို ဘယ်တော့မှ မြင်ခွင့်မပေးဘူး။

"ဟူပိန် ၊ ငါ မင်းကို အထင်သေးခဲ့မိတာပဲ ။"

လီချင်းယွင်ရဲ့ အသံသည် အလွန်အေးစက်သွားသည်။

"အခု ငါ့မယ်တော်ရဲ့ ဂူဗိမာန်ကို ဘုရင်မကြီးရဲ့ ဂူဗိမာန်မှာ မြှုပ်နှံထားပါတယ်။ သူမဟာ ယုံးနိုင်ငံ ရဲ့ ဂုဏ်အသရေအရှိဆုံး မိဖုရားပဲ ဖြစ်တယ်၊ သူမရဲ့ ဝိညာဉ်က အခုဆို ကောင်းကင်ယံကနေ မင်းငါ့လက်နဲ့ ဘယ်လိုသေသွားတာလဲဆိုတာကို စောင့်ကြည့်နေလောက်ပြီ"

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now