အပိုင်း - ၄၁

3.1K 435 18
                                    

သွမ်ချုလျုန်က
"မင်းတို့ ဒီနေ့ ညစာ စားဖို့ သတိရကြဦးနော်" လို့ တိုးတိုးလေး ပြောလိုက်ပါတယ်။
စကားဆုံးသွားတာနဲ့ မျက်နှာနီရဲလာပြီး ခြံတံခါးကို ပိတ်လိုက်တယ်။ သူမက ချမ်ရှီ နဲ့ ချမ်ဟွိုင်တို့ ၂ ယောက်ကို ရွာသူကြီးအိမ်တွင်နေထိုင်ရန် တောင်းဆိုခဲ့ပြီး သူမကိုယ်တိုင်လည်း သွမ်ချင်ချင်အိမ်တွင် သွားနေလိုက်သည်။ သူမသည် ဤခြံဝင်းလေးထဲကို မည်သူ့ကိုမျှ နှောင့်ယှက်ရန် ခွင့်မပြုခဲ့ပေ။
ချမ်ဟွိုင်က ခေါင်းလေးစောင်းလိုက်ပြီး အပြစ်ကင်းသည့် လေသံဖြင့်
"အမ လျုန်အာလ် ၊ အစ်ကို အားလီ နဲ့ ကျုံအာလ်တို့က ဒီတစ်ခါ ဘာလို့ မထွက်လာကြတာလဲ၊ ရှက်စရာ တစ်ခုခုကို တိတ်တိတ်လေး လုပ်နေတာလား။"
သွမ်ချုလျုန် က ဘာမှပြန်မပြောခင်မှာပဲ ချမ်ရှီ က ချမ်ဟွိုင် ခေါင်းကို ခေါက်လိုက်ပြီး "ကလေး က ကလေးလိုနေ၊ မင်းမမေးသင့်တဲ့အရာကို မမေးနဲ့။"
ချမ်ဟွိုင်က သူ့ခေါင်းလေးကိုပွတ်လိုက်ပြီး ချမ်ရှီ ကို မျက်ရည်ဝဲနေလျက်ရှိတဲ့ မျက်လုံးများဖြင့် ကြည့်နေလိုက်သည်။
သွမ်ချူလျုန် သည် ချမ်ဟွိုင်ရဲ့ ခေါင်းလေးကို ညင်သာစွာ ပွတ်ပေးလိုက်ပြီး "ဟွိုင်အာလ်လေး က ငယ်ပါသေးတယ်။ ကြီးလာရင် သိလိမ့်မယ်နော်" လို့ပြောပြီးနောက် ချမ်ရှိီဘက်ကို လှည့်ကာ
"ရှောင်ရှီ ဟွိုင်အာလ်လေးကို အရမ်းမရိုက်နဲ့......"
ချမ်ရှီက အေးစက်စွာဖြင့်
"ချမ်ဟွိုင် က အရမ်းခေါင်းမာတာပဲ၊ သူ့ကို ကောင်းကောင်းမဆုံးမရင် မကြာခင် တစ်ခုခုတော့ ဖြစ်လာလိမ့်မယ်!"

"ရှောင်ရှီ..." သွမ်ချုလျုန် သည် အလွန်အေးစက်တဲ့စိတ်ထားရှိတဲ့ သူ့ရှေ့မှာရပ်နေတဲ့ ၂၈ နှစ်အရွယ် မိန်းကလေးကို ကူကယ်ရာမဲ့ ကြည့်လိုက်သည်။ ချမ်ရှီက စိတ်မရှည်စွာနဲ့ "အမ လျုန်အာလ် က နူးညံ့လွန်းတယ်။ အဲဒါကြောင့် အားလုံးဝိုင်းအနိုင်ကျင့်နေတာကို ခံနေရတာ"
"နူးညံ့သိမ်မွေ့တာ မကောင်းဘူးလား" သွမ်ချုလျုန် က ပြုံးပြီးပြောလိုက်တယ်"
"မင်း ငယ်စဉ်ကတည်းက အခက်အခဲတွေ အများကြီး ကြုံဖူးတာ ငါသိတယ်။ မင်းရဲ့ နှလုံးသားထဲမှာ မုန်းတီးမှုတွေ၊ ရည်မှန်းချက်တွေ အပြည့်ရှိတယ်။ မင်း ဒီရွာမှာ မနေချင်တာ သိပါတယ်။ ဒါပေမယ့် ဒီမှာနေခိုင်းပြီး ဘယ်မှမသွားခိုင်းတာက မင်းရဲ့လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတာ မဟုတ်ပဲ လုံခြုံအောင်လို့ ဒီမှာထားထားတယ်။ အခု ကမ္ဘာကြီးက ကမောက်ကမဖြစ်ပြီး စစ်ပွဲတွေက နေရာတိုင်းမှာရှိနေတယ်။"
ချမ်ရှီ က အေးစက်သောလေသံဖြင့် ကြားဖြတ်လိုက်ပြီး "အမ လျုန်အာလ် က ဒါကို အကြိမ်ပေါင်းများစွာ ပြောနေတာ ငါနားလည်ပါတယ်"
သွမ်ချုလျုန် က ချမ်ရှီ ထွက်သွားတာကို ကူကယ်ရာမဲ့ ကြည့်နေခဲ့တယ်။ ရှောင်ရှီ က သူပြောတာတွေ ဘာမှနားမထောင်တာ အရမ်းသိသာပါတယ်။
ချမ်ရှီ နှင့် ချမ်ဟွိုင်တို့ မောင်နှမက အလှမျိုးနွယ်ဝင်တွေ မဟုတ်ပါ။ သူတို့က  တိုက်ပွဲမှာ ကျရှုံးခဲ့တဲ့ စစ်သူကြီးတစိယောက်ရဲ့ သားသမီးဖြစ်ပြီး အနီးနားမှာရှိတဲ့ မှောင်ခိုဈေးကွက်တစ်ခုမှ အရောင်းခံနေရတာဖြစ်တယ်။ သူတို့ကို သူမတွေ့တဲ့အချိန်မှာ ချမ်ဟွိုင်လေးက သေလုနီးပါးဖြစ်နေပြီဖြစ်သည်။ ကံကောင်းထောက်မစွာနဲ့ပဲ သူမက သူတို့ မောင်နှမနှစ်ယောက်လုံးကို ဝယ်ပြီး သူတို့ကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရန် ရွာသို့ ခေါ်လာခဲ့သည်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now