အပိုင်း - ၆၀

5K 548 40
                                    

ပတ်ဝန်းကျင်သည် ပုစဉ်းရင်ကွဲတွေရဲ့ အသံတွေမှ လွဲ၍ တိတ်ဆိတ်လျက်ရှိပြီး လအလင်းရောင်ဖြင့်သာ ပတ်ဝန်းကျင်မှာ ထွန်းလင်းနေသည်

သူကူးလီ သည် သူ့နှလုံးသားအထက်မှာ ဒဏ်ရာကို လက်ဖြင့် အုပ်ထားပြီး လက်ချောင်းများမှ အနီရောင်သွေးများ စီးကျလာပြီး ဝတ်ရုံအဖြူသည် သွေးများဖြင့် စွန်းထင်းလျက်ရှိသည်

လရောင်အောက်တွင် လှပသော မျက်နှာနှင့် လူသည် စက္ကူကဲ့သို့ ဖြူဖျော့နေပြီး သူ့နှုတ်ခမ်းတွင် သွေးများ ယိုစီးကျလာသည်။

"သခင်လေး ဘာဖြစ်နေတာလဲ!" ချမ်မို သည် ထိတ်လန့်သွားပြီး သူကူးလီ ကို ကူညီရန် အမြန်သွားခဲ့သည်။

" လုဟွာကို နန်းတော်ထဲကနေ လွှတ်အောင် လုပ်လိုက်ပါ။ မင်း သူ့ကို ခေါ်ဖို့အတွက် နန်းတော်ကို သွားလိုက်ပါ ၊ ပြီးတော့ လီရွှမ်ကို ဒီနေရာ ရဲ့ တည်နေရာကို မသိစေအောင် သေချာ လုပ်ခဲ့ပါ"

ချမ်မို အံ့သြသွားသည်။ "အထိန်းတော် လုဟွာ ??တကယ် အတည်ပြောနေတာလား"

သူကူးဘီ ဘာမှပြန်မပြောတာမြင်တော့ ချမ်မို က ထပ်ပြီး "လီချင်းယွင်ကြောင့်လား?" လို့ ထပ်မေးလိုက်သည်

သူကူးလီ က တစ်ချက်ကြည့်လိုက်တဲ့အချိန် ချမ်မို တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရပြီး သူက "ဟုတ်တယ်၊ဒီ လက်အောက်ငယ်သားက မစဉ်းစားမိဘူး၊ ဘာမေးခွန်းမှ ထပ်မမေးတော့ဘူး။"

" မိုးမလင်းခင် သူ့ကို တွေ့ချင်တယ်" သူကူးလီ က မျက်လုံးတွေကိုမှိတ်ပြီး တိုးတိုးလေးပြောသည် ။

"ဒါပေမယ့် သခင်လေး ဒဏ်ရာ..." ချမ်မို သည် သူကူးလီ ဝတ်ရုံမှာ စွန်းထင်နေတဲ့ သွေးများကို ထိတ်လန့်စွာကြည့်နေသည်။ သူ့သခင်နောက်ကို နှစ်အတော်ကြာအောင် လိုက်ခဲ့ပြီး သူ့သခင်ကို ဒီလောက်ဒဏ်ရာရပြီး သွေးထွက်တာမျိုး တစ်ခါမှမမြင်ဖူးဘူး။

"မြန်မြန်သွား။" သုကုးလီ သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး မပျော်မရွှင် ဖြစ်နေပုံရသည်

ချမ်မို သည် သက်ပြင်းချကာ  အမိန့်ကို လိုက်နာဖို့အတွက် အမြန်ထွက်ခွာသွားခဲ့သည်။
လီရွှမ်ကို ရင်ဆိုင်ဖို့က မခက်ခဲပါဘူး။ လီရွှမ်ရဲ့ အသက်သွေးကြောက  သူ့ လက်ထဲတွင် ဆုပ်ကိုင်ထားဆဲဖြစ်သည်။ ထို့ကြောင့် သူ့စကားဆိုရင် လီရွှမ် မလိုက်နာ ဝံ့မည်မဟုတ်ပေ။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now