အပိုင်း - ၂၈ (ပ)

2.6K 445 16
                                    

ဆုယွီ ရဲ့ မျက်နှာမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲမှာတော့ အတွေးများနေသည်။ သူ့အကြည့်တွေက သွမ်ရင်ဆီကို ရောက်လာပြီး အနီရောင်အဝတ်ပါးလေးဝတ်ထားသောသူသည် လီချင်းယွင်လောက်ပင် စိတ်လှုပ်ရှားစရာမကောင်းဘူးလို့ တွေးနေမိသည်။

"သခင်"

ဒွမ်ရင်ရဲ့ အသံက ဆွဲဆောင်မှုရှိနေပြီး မျက်ဝန်းအကြည့်တွေကလည်း နူးညံ့နေကာ သူ့သခင်အသစ်ကို သဘောကျစွာဖြင့် ကြည့်နေလေတော့သည်။ သခင် အသစ်ပုံကို ကြည့်ရတာ အလွန်နူးညံ့သိမ်မွေ့ပုံရပြီး ထူးဆန်းတဲ့ နည်းလမ်းတွေကို ကြိုက်နှစ်သက်သူ မဟုတ်သည့်ပုံပေ။ သခင်ကိုသာ စိတ်ကျေနပ်အောင်အလိုလောက်အလိုက်ဆောင်ပေးနိုင်ရင် သူ့အနာဂတ်လေးက လှပနေတော့မှာပဲ..

ဆုယွီက သွမ်ရင်ရဲ့ လက်ကောက်ဝတ်လေးကို ကိုင်လာပြီး သူ့အနားကို ဆွဲခေါ်လိုက်ကာ " ဒီနားကို လာပါ" လို့ ညင်ညင်သာသာလေး ပြောလိုက်သည်။

"ဟုတ်ကဲ့။" သွမ်ရင်သည် ဆုယွီခေါ်ရာနောက်ကို လိုက်ပါသွားတဲ့အချိန် သူ့ခြေကျင်းဝတ်မှ ခြူသံလေးတွေကပါမြည်လာပြီး ခန်းမတစ်ခုလုံး ထိုအသံ ဖြင့် ပြည့်သွားတော့သည်။

ဆုယွီက သူ့နေရာမှာ ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး သွမ်ရင်မှာလည်း သူ့အနောက်နားလေးမှာ ကြုံကြုံလေး လိုက်ထိုင်လိုက်ပါတယ်၊ သူက သူ့နောက်တွင် ထိုင်နေသော သွမ်ရင်ကို ကြည့်ပြီး အနည်းငယ် မျက်မှောင် ကြုတ်လိုက်ကာ အလှမျိုးနွယ်ဝင်တွေက ဒီလို အောက်ကျို့တဲ့ အသွင်အပြင် ရှိနေကြတာကို သူမယုံချင်ဘူး။ သူ့ရဲ့ ဒီလိုဖြစ်နေတဲ့ ပုံစံကြောင့် အလှမျိုးနွယ်ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ လာလာမှ မသက်ဆိုင်သလိုပင်။

သူ့ ဘေးမှာ ထိုင်နေကြတဲ့ အမတ်တစ်ချို ရောက်လာပြီး ဆုယွီကို ဂုဏ်ပြုစကားလာပြောကြသလို တစ်ချို့က ရှက်ရွံ့စွာ ပြုံးပြီး
"သမားတော်ဆု ဒီအလှလေးနဲ့ ကစားရတာ ငြီးငွေ့သွားရင် ကျွန်တော်တို့ကိုလည်း နည်းနည်းလောက်ပေးကစားဦးနော်"

သွမ်ရင်က ထိုစကားတွေကြောင့် ကြောက်ရွံသွားပြီး ဆုယွီကိုပင် မော့မကြည့်ရဲတော့ပေ၊

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now