အပိုင်း - ၃-ပ

3.5K 577 20
                                    

(Unicode)

လီချင်းယွီ က အသိစိတ်မကပ်ပဲ မူးဝေနေတဲ့ကြားက ဇီးသီးပွင့်မွှေးရနံ့လေးကို နှင်းနံ့တို့နဲ့အတူ ရှူရှိုက်မိလိုက်သည်။

သူ့ကို ပျော့ပျောင်းနူးညံ့တဲ့ကုတင်ပေါ်တွင် ချထားလိုက်သည်နှင့် တစ်ပြိုင်နက် နန်းတော်အစေခံများနှင့် မိန်းမစိုးတို့က သူ့အား ပြုစုပေးဖို့ အမြန်ရောက်လာကြသည်။ အထိန်းတော်လု က အိပ်ရာပေါ်မှာ လျဲလျောင်းနေတဲ့ ဖြူဖျော့နေသော လီချင်းယွီ ကို ကြည့်ပြီးသည့်နောက် သုကူးလီဘက်ကို မျက်နှာပြုခေါင်းလှည့်ကာ ကြိမ်းမောင်းလိုက်သည်။

" မင်းသား လီ၊ မင်းရဲ့ ရောက်ရှိနေတဲ့ အခုလက်ရှိ အခြေအနေက ဘာလဲဆိုတာကို မမေ့ပါနဲ့။ ဒီနေ့ ဘုရင်မင်းမြတ်သာ မင်းဘက်မှာ မရှိခဲ့ရင် မင်းအသက်ကို ဘယ်သူမှ အာမခံပေးနိုင်မှာ မဟုတ်ဘူး။ ကိုယ့်အခြေအနေကို ကိုယ်သိပြီး ဘုရင်မင်းမြတ်ကို ကောင်းကောင်း ပြုစုဖို့ ငါ အကြံပေးလိုက်မယ်။ အဲ့ဒါမှ မင်း အနာဂတ်မှာ နေရာရပြီး စည်းစိမ်ချမ်းသာကို ရရှိနိုင်မယ်ဆိုတာ မှတ်ထားပါ"

သူ့ကို ဆုံးမ ဩဝါဒခြွေသလိုနဲ့ အမိန့်ပေးနေသော အထိန်းတော်လု ကို အေးစက်စွာ စိုက်ကြည့်ရင်း သူ့မျက်လုံးထဲကမုန်းတီးမှုနှင့် လူသတ်ချင်စိတ်ကို ဖော်ပြမိဖို့ မထိန်းချုပ်နိုင်လုနီးပါး ဖြစ်နေပါသည်။

သုကူးလီ က " အထိန်းတော် လု က ဘာလို့ အရမ်းစိုးရိမ်နေရတာလဲ? တကယ်လို့ ဘုရင်မင်းမြတ်သာ လိုချင်တယ်ဆိုရင် ဘုရင်ကို မျက်နှာလုပ်ဖို့အတွက် သူ့အိပ်ရာပေါ်ကို ပြေးတတ်မယ့် အလှလေးတွေက မရေမတွက်နိုင်လောက်အောင်ကို အများကြီးပဲ ရှိတယ်။ ပြီးတော့ ကျွန်တော်က ဘုရင့်လက်အောက်ခံတိုင်းပြည်ရဲ့ သာမန် အညတရ မင်းသားတစ်ယောက်ပါ၊ ကျွန်တော့မှာ ဘုရင်မင်းမြတ်ကို စိတ်ပျော်အောင် လုပ်ပေးနိုင်မယ့် အရည်အချင်းလည်း မရှိပါဘူး"

အထိန်းတော် လု ၏မျက်လုံးများက ဒေါသများဖြင့် နီရဲနေပြီး "ဘုရင်မင်းမြတ်ရဲ့ လိုအပ်မှုကို ထမ်းဆောင်နိုင်မယ့် တာဝန်က လူများစွာ မရနိုင်တဲ့ ကောင်းချီးတစ်ခုဆိုတာကို မင်းနားမလည်ဘူးလား? မင်းကသာ ဒါကို အထင်အမြင်သေးနေတာ။ မင်းရဲ့အဝတ်အစားတွေကို ချွတ်ပြီး ဘုရင်မင်းမြတ်စိတ်ချမ်းသာအောင် ပျော်တော်ဆက်ပေးဖို့က မင်းအတွက် အဲ့လောက်တောင် ခက်ခဲနေလို့လား"

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များDonde viven las historias. Descúbrelo ahora