အပိုင်း - ၂၆

2.5K 479 48
                                    

ညစာစားပွဲကလည်း ညည့်နက်အချိန်ကို ရောက်လာတာနဲ့အမျှ ပိုအသက်ဝင်လာပြီး စကားပြောသံ၊ ရယ်မောသံတို့ဖြင့် ရွှန်းရွှန်း​ဝေ နေတော့သည်။ နိုင်ငံ သုံးနိုင်ငံမှ သံတမန်များကလည်း အစေခံများ ဆက်သသည့် သေရည် များကို သောက်သုံးရင်း အကအလှ တီဆိုဖျော်ဖြေမှုများကို ကြည့်ကာ ပျော်ရွှင်မြူးတူးနေကြသည်။

ထိုအချိန် အထိန်းတော် လုရဲ့ အသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး
" အရှင်မင်းကြီး ကြွရောက်လာပါပြီ"

လီချင်းယွင် နှင့် သုကူးလီ တို့သည် လက်ချင်းတွဲလာကြလျက် ခန်းမထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့သည်။

သူတို့ တစ်ယောက် နှင့် တစ်ယောက် အဆင်ပြေနေသည့်ပုံကို တွေ့လိုက်ရတဲ့ ယုံးတိုင်းပြည် အမတ်တွေက အချင်းချင်း ကြည့်လိုက်ကြရင်း ခေါင်းငုံ့ပြီ ဒူးထောက်လိုက်ကြကာ "အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ!" လို့ ပြိုင်တူ အော်လိုက်ကြသည်။

"ရပြီ ၊ ထကြတော့"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။"

ရာနဲ့ချီသော ယုံးအမတ်များက ကိုယ်စီ နေရာတွေ အသီးသီးထိုင်လိုက်ကြပြီး အချင်းချင်း တီးတိုးပြောနေကြပါသည်။
- "ရွှယ် တိုင်းပြည်ရဲ့ ဒုတိယမင်းသားက ကမ္ဘာပေါ်မှာ အလှဆုံးဆိုပြီး ကောလဟာလတွေ ကြားတုန်းက မယုံခဲ့ဘူး။ ယောက်ျား တစ်ယောက်က ဘယ်လိုလုပ် အဲ့လောက် လှနိုင်မှာလဲဆိုပြီး သံသယ ဝင်ခဲ့တာ ဒီနေ့ လူကိုယ်တိုင် တွေ့လိုက်ရမှပဲ ကြားခဲ့ရတဲ့အတိုင်း တကယ်ကို လှတာပဲ"

မြှောင်ကျန်းဘုရင်နောက်မှာ ထိုင်နေကြတဲ့ အမြွှာ မင်းသား နှစ်ယောက်က ထို စကားပြောသံကိုကြားလိုက်ရတော့ သူတို့အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။

အကြီးဆုံး မင်းသား ချင်ယန်း သည် သူကူးလီ ကိုကြည့်ရင်း သောက်နေတဲ့ လက်ဖက်ရည်ခွက်ကို ညှစ်လိုက်မိသည်။

ယောင်လင် က သူ့အစ်ကိုရဲ့ အမူအရာကို ကြည့်ပြီး ပြုံးလိုက်ကာ
"အစ်ကိုတော်၊ မင်းပြောကြည့်၊ဒီမှာ ရှိတဲ့ လူတိုင်းက သုကူးလီ ကိုပဲ မြင်နေကြတယ်၊ ဒါပေမယ့် ငါ ထင်တာကတော့ အနီရောင် ဝတ်ထားတဲ့ လီချင်းယွင်ကမှ ဆွဲဆောင်မှု အရှိဆုံးပဲ"
မင်းသား ယောင်လင်မှာ သူ့အစ်ကိုတော် နဲ့ မတူတဲ့ တမူထူးဆန်တဲ့ စိတ်နေသဘောထား ရှိပြီး ဒီနေ့တော့ သူ့စိတ်ထဲတွင် ဘယ်သူမှ မမြင်ကြသည့် ပုန်းကွယ်နေတဲ့ အလှတရားကို မတော်တဆ တွေ့လိုက်ရသလို ခံစားလိုက်ရသည် ။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now