အပိုင်း ၆၇

8.1K 510 89
                                    

ဘာအသံမှ မကြားရပဲ အခန်းတစ်ခုလုံး  တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်

လီချင်းယွင်က အိပ်ရာပေါ်တွင် ဒူးကိုပိုက်ကာ ထိုင်နေလို့ လှပသော ခြေကျေးဝတ်ကို ဖော်ထားသလို ဖြစ်နေသည်။ နက်မှောင်ရှည်လျားသော ဆံကေသာမှာလည်း ကျော်တစ်လျှောက် ဖြန့်ကျနေသည်။
သူသည် ရိုးရိုးရှင်းရှင်း ဝတ်ဆုံကိုသာ ၀တ်ဆင်ထားပြီး သူ့မျက်လုံးများတွင် အေးစက်မှုကို ဖုံးကွယ်မထားနိုင်ပေ။

သူ့ရှေ့တွင် ရပ်နေသောလူကို တိတ်တဆိတ် ကြည့်နေသည်။

အရင်ကလိုမဟုတ်ဘူး။

ပြန်မရနိုင်တဲ့အရာက ပြန်မရနိုင်တော့ဘူး

ကွဲသွားတဲ့ မှန်ကို ပြန်ဆက်လို့ မရသလို - ဒီကျောက်စိမ်းဆွဲသီး ကျိုးသွားသလိုပဲ သူတို့ ဘယ်လိုမှ ပြန်ပေါင်းလို့ မရနိုင်ဘူး

လူတွေက ထူးဆန်းတယ်
ဆုံးရှုံးသွားမှသာလျှင် တန်ဖိုးရှိတယ်ဆိုတာ သ်ိကြတယ်။ အနားမှာ ရှိနေတဲ့အချိန်ဆို လျစ်လျူရှုတတ်ကြတယ်....

လီချင်းယွင်ရဲ့  အပြောနဲ့မဟုတ်သော အခု တုံ့ပြန်မှုသည် နောက်ဆုံးတုံ့ပြန်မှုဖြစ်နေပြီဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်သော်လည်း အမွှေးတိုင်မီးခိုးငွေ့များသည် လီချင်ယွန်းရဲ့ စွဲဆောင်မှုရှိသော ရနံ့ကို မဖုံးကွယ်နိုင်ပဲ ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။

သူကူးလီရဲ့ မျက်နှာသည် ယခုအချိန်တွင် အလွန်ဖျော့ဖျော့ ဖြစ်နေသည်။ သူ့လက်ထဲမှာ ကျိုးနေတဲ့ ကျောက်စိမ်းဆွဲသီးကို ဆုပ်ကိုင်ထားလျက် အဖြူရောင် အိပ်ရာခင်းပေါ်သို့ တက်လာသည်။

သူကူးလီ သည် အချိန်နှင့်နေရာတိုင်းလိုလိုမှာ တည်ငြိမ်ပြီး ဆင်ခြင်တုံတရားဖြင့် နေတတ်သူဖြစ်သည်။ ဒါပေမယ့် လီချင်းယွင်နဲ့ တွေ့ပြီးကတည်းက ကြိမ်ပေါင်းများစွာ ဆင်ခြင်တုံးတရား မကပ်နိုင် ဖြစ်ခဲ့ရသည်။
သူကူးလီက ကလေးဘဝကတည်းက ခံစားချက်ကင်းမဲ့ခဲ့လို့  သူ့အကို ဖျားနာပြီး ဆုံးပါးသွားသည့်တိုင် သူ့နှလုံးသားထဲတွင် ဘာမှ မခံစားခဲ့ရပေ။

Has llegado al final de las partes publicadas.

⏰ Última actualización: Apr 19, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များDonde viven las historias. Descúbrelo ahora