အပိုင်း - ၃၃ (ဒု)

2.3K 397 7
                                    

"အဆိပ်ငွေ့တွေ လွှတ်လိုက်တော့၊ ပြီးရင် မြှားတွေနဲ့ပစ်လိုက်၊ ဒီနေ့ သူ သေကိုသေရမယ်"

"ဟုတ်ကဲ့ပါ တတိယမင်းသား!"

ညဥ့်အောက်တွင် လူသတ်အငွေ့အသတ်တွေမှာ မြူခိုးတွေလိုပင် အဆုံးမရှိပေ။

မိန်းမစိုးလေးက အလွန်ဆိုးရွားသောမျက်နှာဖြင့် လျင်မြန်စွာ ရောက်လာပြီး- "အထိန်းတော် လု နဲ့ စစ်သူကြီးရှောင် တို့ အရှင်မင်းကြီးကို ကယ်တင်ဖို့ အတွက် သွားလိုက်ပါပြီ၊ ပြီးတော့ ဒီဘက်ကို လာနေတဲ့ တပ်ဖွဲ့တစ်ဖွဲ့ရှိနေပါတယ်။  သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို မသိရသေးပါဘူး"

" ရန်သူပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ သူကူးလီ ကို ဖယ်ရှားနိုင်ရင် သူငယ်ချင်းပဲ" လီဟုန်ရဲ့ မျက်နှာသည် အလွန်အေးစက်သွားသည်။

တောနက်ကြီးထဲသို့ အဆိပ်ပြင်းတဲ့ အငွေ့တွေက စိမ့်ဝင်လာလေသည်။

သူကူးလီ သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ စိတ်မသက်မသာ ခံစားလိုက်ရသည်။

အဆိပ်ရှိသော အခိုးအငွေ့များသည် ဦးနှောက်နှင့် မျက်လုံးများအပြင် အာရုံငါးပါရဲ့ အစိတ်အပိုင်းအားလုံးကို လွှမ်းမိုးသွားတဲ့အတွက်ကြောင်ြ မျက်လုံးများ တဖြည်းဖြည်း မှုန်ဝါးလာပြီး နားများ အူလာခဲ့သည်--

အဆိပ်ရှိတဲ့ အခိုးအငွေ့တွေက သူ့နား၊ နှာခေါင်းနဲ့ လည်ချောင်းတွေကို ကျူးကျော်ဝင်ရောက်လာတဲ့အခါ ပါးစပ်ထဲက သွေးတွေက  အန် ထွက်လာတယ်။

"မြှားပစ်!!"

လီဟုန်သည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ သူကူးလီကို မုန်းတီးစွာ စိုက်ကြည့်နေသည်။

သူကူးလီရဲ့ အမြင်တွေက မှုန်ဝါးနေပြီဖြစ်သည်။ အဆိပ်က သူ့မျက်လုံးကို လွှမ်းမိုးသွားပြီး သူ့မျက်လုံးတွေကို ခေတ္တ မှိတ်ထားလိုက်တဲ့အခါ သူခံစားနေရတဲ့ သူ့အာရုံငါးပါးကလည်း အားနည်းလာသည်။ ဤအခိုက်အတန့်တွင် သူ့ကိုပစ်နေတဲ့  မြှားမိုးရွာခြင်းအခြေအနေကို ရှောင်ရှားနိုင်ရန်အတွက် သူ့အသိစိတ်ကိုပင် အားကိုးနိုင်ခဲ့သည်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now