အပိုင်း - ၄၉

2.8K 468 29
                                    

မနေ့ညက အခြေအနေကြောင့် နန်းတော်တွင်း မငြိမ်မသက်ဖြစ်နေကြသည်။

    အစေခံများနှင့် မိန်းမစိုးများသည် ခေါင်း နှင့် ကြမ်းပြင် ထိမတတ် ငုံထားကြပြီး ဒေါသထွက်နေသော ဧကရာဇ်မင်းကို မကြည့်ဝံ့ကြပေ။

    ယနေ့မှစတင်ပြီး ဧကရာဇ်မင်းမြတ်ရဲ့ မျက်နှာကို အမိန့်မရပဲ မကြည့်ရ ဆိုသည့် ရာဇသံကို ထုတ်ပြန်ထားသည်

    ထိုတားမြစ်ချက်ကို မလိုက်နာပဲ ဖောက်ဖျက်ပါက မျက်လုံးတွေ ချက်ချင်း ဖောက်ထုတ်ခံရလိမ့်မယ်

    ဘုရင်မင်းမြတ် ပြန်ရောက်လာတဲ့အခါမှာ  ဘာလို့ စိတ်နေသဘောထားက ရက်စက်စွာပြောင်းလဲသွားတာလည်းဆိုတာကို သူတို့လည်း နားမလည်ကြပေ။ သေချာတာ တစ်ခုကတော့ မင်းသား သူကူးလီ ရှိနေတဲ့အချိန်ကို သူတို့တကယ်လွမ်းဆွတ်ကြပြီး အဲဒီအချိန်က လီချင်းယွင်ရဲ့ အကြင်နာဆုံးအချိန်ကာလတွေ ပါပဲ...

    ကန့်လန်ကာနောက်က ကြီးမားသော အိပ်ရာပေါ်တွင်

    လီချင်းယွင် သည် ဖြူဖျော့နေပြီး ဘရိုကိတ်စောင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ ကုတင်ထောင့်တွင် ထိုင်လျက် သမားတော် ဝမ် က သူ့ကို လက်နှင့်ထိလိုက်သည့်ခံစားချက်ကို ယခုထိ ခံစားမိနေဆဲဖြစ်ရုံသာမက မသေမီ သူစိုက်ကြည့်နေသည့်အကြည့်ကိုလည်း သူ့စိတ်ထဲကနေ ထုတ်မရသေးပေ

    စစ်သားတွေရဲ့ ကျိန်ဆိုသံတွေကိုလည်း သူကြားယောင်ဆဲ

သူ့မယ်တော်ကို လည်ပင်းညှစ်သတ်သည့် မြင်ကွင်း...

    ခမည်းတော်ဖြစ်သူက  သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတဲ့ အကြည့်....

သူ့အစ်ကိုတော်များရဲ့ သနားစရာကောင်းသော အလောင်းများ.....

    သူ့စိတ်ထဲတွင် မြင်ကွင်းတွေက တစ်ခုပြီး တစ်ခုပေါ်လာပြီး တစ်ကိုယ်လုံး အားကိူရာမဲ့စွာ တုန်ယင်နေခဲ့သည်။

    လီချင်းယွင်ရဲ့ မျက်လုံးများ နီရဲလာပြီး  အဆက်မပြတ် ငိုကြွေးနေကာ "တောင်းပန်ပါတယ် တောင်းပန်ပါတယ် တောင်းပန်ပါတယ်" ဆိုတဲ့ စကားတွေကို စိတ်လွတ်စွာ ရေရွတ်နေမိတယ်

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now