အပိုင်း - ၄၂ (ဒု)

2.9K 448 26
                                    

သူကူးလီ မမြင်ရသေးသော်လည်း ကျုံအာလ်ရဲ့ မပျော်ရွှင်မှုကို သူခံစားလိုက်ရသည်။ ဒါပေမယ့် ကျုံအာလ်က ဘာကြောင့် စိတ်မပျော်မရွှင်ဖြစ်နေရတာလည်း ဆိုတာကို သူမသိဘူး

    ဒါက ကိစ္စရဲ့ အဓိကအချက်ပါ။

    မျက်လုံးတွေကောင်းလာအောင် မြန်မြန်ကုရမယ်။

    လီချင်းယွင်သည် သူ့ခန္ဓာကိုယ် အပြည့်အဝ ပြန်လည်ကောင်းမွန်ဖို့အတွက် နောက်ထပ် နှစ်ရက်ကြာ ဆေးကို ဆက်သောက်ခဲ့သည်။

    သွမ်ချုလျုန်က တောင်အောက်သို့ သွားတဲ့အခါ အရမ်းလှတဲ့ ယောကျာ်းဝတ် အနီရောင် အထည်တစ်ထည်ကို ရှာတွေ့ခဲ့ပြီး လီချင်းယွင်ကို လက်ဆောင်အဖြစ် ပေးဖို့အတွက် သူမဝယ်ခဲ့လိုက်သည်။  ကျုံအာလ် လိုလူတစ်ယောက်အတွက် တောက်ပပြီး မြင့်မြတ်သောအနီရောင်ကသာ သူ့အတွက် လိုက်ဖက်မည်ဟု သူမခံစားမိသည်။ .

    သူမ ခံစားချက်တွေက မမှားခဲ့ဘူး၊ အနီရောင်ဝတ်စုံကို ကျုံအာလ်ဝတ်လိုက်တော့ သွမ်ချုလျုန် မျက်လုံးတွေဟာ အံ့သြမှုတွေ ပြည့်နှက်နေခဲ့တယ်။

    လီချင်းယွင်သည်လည်း အနီရောင်ကို နှစ်သက်သည်။ ၎င်းသည် ဂုဏ်သိက္ခာရဲ့သင်္ကေတကိုကိုယ်စားပြုပြီး ရှေးရိုးစွဲအရှိဆုံးအရောင်လည်းဖြစ်သည်။ သူဝတ်တဲ့အဝတ်အစားအားလုံးက နီညိုရောင်၊ အနီရောင် ဘရိုကိတ်အဝတ်များသာဖြစ်သည်။

    "အစ်ကို ကျုံအာလ်က အနီရောင်နဲ့ အရမ်းလှတယ်။" ချမ်ဟွိုင်ရဲ့ မျက်လုံးများသည် အံ့သြမှုအပြည့်နှင့် ဖြစ်နေသည်။

    သူတို့အားလုံးရဲ့ ချီးကျူးစကားများကို နားထောင်ရင်း၊ သူကူးလီ သည် အခုချိန်ထိ မမြင်နိုင်သည့် သူ့ကိုယ်သူ မုန်းတီးသွားသည်။

    ချမ်ဟွိုင်က ပြေးလာကာ လီချင်းယွင်ရဲ့ ခြေထောက်ကို ပွေ့ဖက်လိုက်ပြီး မျက်ရည်လည်ရွဲဖြင့် "အစ်ကို ကျုံအာလ်  ၊ ကျွန်တော့်မိန်းမဖြစ်ပေးပါနော်။ ကျွန်တော် အရွယ်ရောက်တဲ့အထိ စောင့်ပေးပါနော်။"

"?" လီချင်းယွင် က သူ့ခြေထောက်တွေကို ပွေ့ဖက်ထားတဲ့ ဒီကလေးလေးကို ကြည့်လိုက်တယ်။  အခန်းမှာရှိတဲ့ လူအားလုံးက ဆေးမိထားသလို သူ့ကို ငေးမောကြည့်နေကြသည်၊

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now