အပိုင်း-၁-ဒု

4.4K 594 3
                                    

(Unicode)

သူ ထပ်ခါ ထပ်ခါ ပြန်စဉ်းစားတိုင်း သူ့ဦးနှောက်ထဲပေါ်လာနေတဲ့အကြောင်းအရာကတော့ အကျဉ်းထောင်ထဲမှာ သူသေဆုံးမှု နဲ့ သူ့မိသားစုတွေ သေကြရတဲ့ ပုံရိပ်တွေပါပဲ။
အတွေးပေါင်းများစွာကြောင့် ခေါင်း တဆစ်ဆစ်ကိုက်နေလို့ နားထင်ကို ပွတ်ရင်း
"အခု ဘယ်အချိန်ရှိပြီလဲ" လို့ အနားမှာရှိနေတဲ့ အထိန်းတော်လုကို မေးလိုက်ပါသည်။

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ အခု နေမွန်းတည့်ချိန် ရောက်ရှိနေပါပြီ"

"ဒီနှစ်က ဘယ်နှစ်လဲ"
"Chen Yu မင်းဆက် ၁၀ နှစ်မြောက် ပါ အရှင်မင်းကြီး"

လီချန်းယွီ မျက်လုံးတွေက ပိုနက်မှောင်သွားပါသည်။
ဒါဆို သူနန်းတတ်တာ ၁၀ နှစ်ရှိခဲ့ပြီပေါ့။ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေက သူ့အတွက် အိမ်မက်တစ်ခုလို သူ့စိတ်ထဲမှာ တရိပ်ရိပ်နဲ့ ပေါ်လာသည်။

အခုဆိုရင် သူ အဓိက ဇာတ်ဆောင်နဲ့ စတွေ့တာ ၂ လပဲရှိသေးတာပေါ့။ လွန်ခဲ့တဲ့၂ လက လီချင်းယွီက ယုံးကုန်း တိုင်းပြည်နားမှာ ရှိတဲ့ ရွှဲကောလို့ ခေါ်တဲ့ နိုင်ငံငယ်လေး တစ်ခု ကို သိမ်းပိုက်ခဲ့သည်။

အဲ့ နိုင်ငံငယ်လေးရဲ့ ဒုတိယမင်းသားဖြစ်တဲ့ သုကူးလီ က ကမ္ဘာ​ပေါ်မှာ သူ့အလှကို ယှဉ်ပြိုင်နိုင်တဲ့သူမရှိလောက်အောင်ကို မြင်သူတကာငေးရတဲ့ အလှလေးအဖြစ် နာမည်ကြီး တဲ့သူတစ်ယောက်ဖြစ်သည်။ နိုင်ငံကို သိမ်းပိုက်ပြီးတာနဲ့ ဒုတိယမင်းသား သုကူးလီကို တွေ့ပြီး မြင်မြင်ချင်းကို ချစ်ကြိုက်မိလို့ သုကူးလီ ကို သူ့ နန်းတော်ထဲ ခေါ်လာပြီး သူ့အပိုင်အဖြစ် သိမ်းပိုက်ခဲ့သည်။

သုကူးလီ ရဲ့ စရိုက်က ပန်းအလှလေးကို ဆူးတွေနဲ့ ဝိုင်းရံ့ ထားတဲ့ ပုံစံလိုပါပဲ။ အရှုံးပေးရမယ့်အစား သေလိုက်တာ အကောင်းဆုံးပဲဆိုပြီး အတွေးရှိတဲ့သူ တစ်ယောက်ဆိုတော့ လီချင်းယွီကို တွန်းထုတ်ပြီး သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် ခစားဖို့ကို အမြဲ ငြင်းဆန်နေခဲ့သည်။

လီချင်းယွီကလည်း သုကူးလီ လို မာနကြီးလှတဲ့ အလှလေးကိုမှ တန်းတန်းစွဲကို စွဲလမ်းနေမိတဲ့အတွက်ကြောင့် သုကူးလီ သူ့ထံ ခစားရအောင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော နည်းလမ်းမျိုးစုံကို အသုံးပြုကာ အာဏာဖြင့်ဖိနှိမ်ပြီး သူ့ထံ လက်အောက်ခံခိုင်းစေခဲ့သည်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များDonde viven las historias. Descúbrelo ahora