အပိုင်း - ၃၅

2.7K 414 32
                                    

စကားမပြောနိုင်သော ကောင်လေးက သူနှင့်အတူ အဝတ်များကြားတွင် ကိုယ်လုံးတီးနှင့် တွယ်ကပ်နေသည်၊
သူ့အသက်ရှုတာလေးက ချိုမြိန်ပြီး နွေးထွေးနေကာအအေးလွန်ကဲသော ဆောင်းရာသီရဲ့ နောက်ဆုံးလှိုင်းလုံးကြီးရဲ့ အေးမြမှုကိုတောင် ချေမှုန်းပေးနိုင်တယ်လို့ သူခံစားလိုက်ရသည်။

သူကူလီးရဲ့ သွယ်လျသော လက်ချောင်းများ တဖြည်းဖြည်း ပြန်လည်လှုပ်ရှားနိုင်လာပြီး သူ့ရဲ့ အကြားအာရုံက ပြန်ကောင်းမွန်လာပေမယ့် သူ့ရဲ့ အမြင်အာရုံနှင့် အနံ့အာရုံတို့မှာ လုံးဝ ခံစားလို့မရတော့ချေ..

သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ဘေးနားရှိ လူငယ်လေးရဲ့ ပျော့ပျောင်းတဲ့ ကိုယ်ခန္ဓာကိုယ်ကို အမှတ်မထင် ထိတွေ့လိုက်မိတဲ့အခါ သူ့လက်ချောင်းထိပ်များ ပူလောင်နေသကဲ့သို့ ခံစားလိုက်ရတဲ့အတွက်ကြောင့် လျင်မြန်စွာ ဆုတ်ခွါလိုက်တယ်။

သူကူးလီသည် သူ့ဘေးနားရှိ လူငယ်လေးရဲ့ ပူနွေးစိုစွတ်တဲ့ ပါးစပ်ကနေ ခံစားရတဲ့ ထိတွေ့မှုအကြောင်းကို စဉ်းစားပြီးနောက် သူ လည်း အိပ်ပျော်သွားခဲ့သည်။

အချိန်မည်မျှကြာသည်မသိသော်လည်း လီချင်းယွင် သည် ဆာလောင်မှုကြောင့် နိုးလာသည်။

သူ စကားမပြောနိုင်တဲ့အတွက်ကြောင့် ဆွံ့အသွားကြောင်း ဝန်ခံရုံမှတပါး ရွေးချယ်စရာမရှိပေ။

သူသည် မောပန်းကာ အိပ်ငိုက်နေသော ဖီးနစ်မျက်လုံးများကိုဖွင့်လိုက်တော့ သူကူးလီက  မတုံ့ပြန်သည်ကိုတွေ့လိုက်ရသဖြင့် လက်ကိုဆန့်ထုတ်ကာ သူကူးလီကို စမ်းကြည့်လိုက်တဲ့အခါ အလွန်ပူသော အပူရှိန်ကို ခံစားလိူက်ရသည်။

သူတို့ ၂ ယောက်လုံး အစားမစားရတဲ့ ၂ ရက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့် ဆာလောင်နေကြတဲ့အပြင်အအေးဒဏ်ကို ခံစားနေရပြီး သူကူးလီရဲ့ ခန္ဓာကိုယ်က အလွန်အဆိပ်သင့်နေကာ သွေးများစွာ ဆုံးရှုံးခဲ့ရသည်။ သူတို့ ၂ ယောက်လုံး ဒီတိုင်းနေရင် ဒီဂူကြီးထဲ ငတ်သေတော့မှာ အသေအချာပါပဲ

နောက်အအေးလှိုင်းမလာခင် အချိန်မီ ယွင်ဟူ တောင်ကနေ ထွက်ခွါနိုင်အောင် သူကြိုးစားရမယ်

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now