အပိုင်း-၄-ပ

3.3K 557 29
                                    

(Unicode)

မိန်းမစိုးလေးက ဒူးထောက်လိုက်ကာ
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ သမားတော် ဆု ရောက်လာပါပြီ"

လီချင်းယွီ အံ့အားသင့်သွားပြီး "သမားတော် ဆု၊ ဆုယွီလား ?"

"အရှင်မင်းကြီး ထံ ပြန်လျှောက်တင်ပါတယ်။ ဟုတ်ပါတယ်။ နန်းတွင်းသမားတော် ဆုယွီ ပါ" မိန်းမစိုးငယ်လေးက မျက်ခုံးပင့်ကာ ပြောလိုက်သည်။

လီချင်းယွီ ၏ မျက်လုံးများ အနည်းငယ် မှိန်သွားသည်။

ဆုယွီ....

သူက မူရင်းစာအုပ်ထဲက ဇာတ်ကြောင်းအရ သုကူးလီကို အရူးအမူးစွဲလမ်းသူထဲက တစ်ယောက်ဖြစ်သည်။ ဆုယွီ သည် ဆေးပညာမှာ တစ်ဖက်ကမ်းခက်အောင်တော်ပြီး ပြိုင်စံရှား နာမည်ကြီး သမားတော်တစ်ဦးဖြစ်သည်။ နူးညံ့သိမ်မွေ့ပြီး ချစ်ခင်ကြင်နာတတ်သော ကိုယ်ရည်ကိုယ်သွေးရှိပြီး ဇာတ်ဆောင်ဆီကနေ မည်သည့်အရာကိုမျှ ပြန်ရဖို့ မမျှော်လင့်ဘဲ တိတ်တဆိတ် ပေးဆပ်ခဲ့သည်။ သူသည် သုကူးလီကို တိတ်တဆိတ် ချစ်ကျွမ်းဝင်နေပြီး သုကူးလီ အတွက်ဆိုရင် မည်သည့်အရာမျိုးကိုမဆို လုပ်ပေးဖို့ ဝန်မလေးပေ။

မူလဇာတ်ကြောင်းအရ သူသည် သုကူးလီ ကို ကယ်တင်ရန်အတွက် ယုံကုန်းနန်းတော် မှာ နန်းတွင်းသမားတော်အဖြစ် ဝင်ရောက်ခဲ့သည်။ ပြီးတော့ နာတာရှည်ရောဂါ ဖြစ်နိုင်သည့်အဆိပ်ကို အရောင်၊အသွေး၊ အနံ့ ၊ အရသာ မရှိအောင် သန့်စင်ပြီး နေ့စဉ် လီချင်းယွီ စားမည့် အစားအစာနှင့် ရောထားပါသည်။ အဆိပ်ကြောင့် လီချင်းယွီရဲ့ ခန္ဓာကိုယ် သည် တဖြည်းဖြည်း အားနည်းလာသည်။ နောက်ပိုင်းတွင် လီချင်းယွီ ထောင်ထဲတွင် သေဆုံးသွားခဲ့ရသည့် အကြောင်းရင်း တစ်ဝက်လောက်က သူ့ခန္ဓာကိုယ်ထဲမှာ နာတာရှည် အဆိပ်တွေကြောင့် ဖြစ်သည်။

"ဝေချိန်း ဆုယွီ၊ ဘုရင်မင်းမြတ်ဆီ အခစား ဝင်ဖို့ ရောက်လာပါပြီ"

လီချင်းယွီ မျက်နှာသည် ဖျော့တော့သွားပြီး သူ့ကုတင်ရှေ့တွင် ဒူးထောက်နေသူကို စိုက်ကြည့်လိုက်သည်။ ဆုယွီ သည် နန်းတွင်းတစ်ခုလုံးတွင် သူအယုံကြည်ရဆုံးလူဟု ဆိုနိုင်သည်။ လီချင်းယွီ သည် သူ၏စွမ်းရည်ကို တန်ဖိုးထားကာ သူ့ကို လူယုံတစ်ဦးအဖြစ် မှတ်ယူခဲ့သည်။သူက ဆုယွီ ကို ကြင်နာတတ်ပြီး ဖြောင့်မတ်ရိုးသားသည့်သူ ဟု ယုံကြည်ခဲ့သည်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now