အပိုင်း - ၁၆

2.9K 518 20
                                    

"အားလီရဲ့ ဆရာက တူရိယာ တီးတာတွေ၊ စစ်တုရင်၊ လက်ရေးလှနဲ့ ပန်းချီဆွဲနည်းတွေအပြင် တခြားအရာတွေကို သင်ပေးသေးလား? မြင်းစီးရင်းနဲ့မြှားရော ပစ်တတ်လား။"

"နည်းနည်းစီတော့ တတ်ပါတယ်"

.

လီချင်းယွီ က သုကူးလီရဲ့ အဖြေကို ကြားရတော့ ပြုံးလိုက်မိသည်။ ဒီနေ့ နန်းတွင်းကိစ္စတွေနဲ့ အလုပ်မရှုပ်တော့ သုကူးလီကို နောက်ထပ်သီချင်းတီးခိုင်းပြီး စိတ်လွတ်လပ်စွာ နားထောင်နေရတော့ ကျုံးမင်းသားကိုတောင် သူမေ့သွားပါပြီ။
ခဏအကြာမှာတော့ ဘေးနားခစားနေတဲ့ မိန်းမစိုးလေးတစ်ယောက်ကို ခေါ်ပြီး စစ်တုရင်ကစားဖို့ ပြင်ခိုင်းလိုက်ပါသည်။ စစ်တုရင် အပိုင်းအစများ ချထားပြီးနောက် လီချင်းယွီ က သုကူးလီ အား စစ်တုရင်ကစားရန် ဖိတ်ခေါ်လိုက်ရင်း
"နောက်တစ်လ ဆိုရင် နှစ်သစ်ကူးပွဲတော်ကို ရောက်ပြီ၊ နှစ်သစ်ကူးပွဲတော်ပြီးရင် အမဲလိုက်ပွဲ..."

ပြောနေရင်းနဲ့ တစုံတခုကို သတိရပြီး လီချင်းယွီသည် ပြောလတ်စ စကားကို ရုတ်တရက် ရပ်တန့်လိုက်သည်။

မူရင်းဇာတ်လမ်းအရ ဤဆောင်းရာသီအမဲလိုက်ပွဲတွင် တချို့အမတ်တွေက သူ့ကိုမကျေနပ်လို့သုကူးလီကို ထောင်ချောက်ဆင်ခဲ့တဲ့အတွက် သုကူးလီ မျက်စိကန်းစေခဲ့သည်ကို သတိရမိသည်။

ထိုအချိန်မှစ၍ သုကူးလီ သည် မျက်မမြင်တစ်ယောက်ဖြစ်လာခဲ့ပြီး ထိုကိစ္စက လီချင်းယွီ ကို သူ မုန်းတီးရသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်လာသည်။ ဆောင်းရာသီ အမဲလိုက်ပွဲက များပြားလှသည့် အန္တရာယ်များနှင့် ပြည့်နှက်သည်ဟု ဆိုနိုင်ပါသည်။

"မေ့လိုက်ပါ၊ အားလီကို ဆောင်းအမဲလိုက်ဖို့ ခေါ်မသွားတော့ဘူး။"လို့ပြောပြီး စစ်တုရင် ဆက်ကစားခဲ့သည်။

"အရှင်က ဘာလို့ စိတ်ပြောင်းသွားတာလဲ။" သုကူးလီက လီချင်းယွီ ကို စိုက်ကြည့်ရင်း ပြန်မေးလိုက်သည်။

"ဒီနေ့ ကိုယ်တော် ပျော်တယ်။" လီချင်းယွီသည် အပြုံးမျက်ဝန်းများဖြင့် သုကူးလီကို ကြည့်ပြီး နူးညံ့စွာပြောလိုက်သည်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now