ဟဲလို
အကြာကြီး ပျောက်သွားတဲ့အတွက် အရင်ဆုံး စာဖတ်သူတွေကို တောင်းပန်ပါရစေ။
ပျောက်သွားရတဲ့ အကြောင်းရင်းလေးကိုလည်း ရင်ဖွင့်ချင်လို့ပါ။အဖွားက နေမကောင်းဖြစ်တာ ကြာနေပေမယ့် အချိန်အကြာကြီး ကိုယ်တွေနဲ့ နေရဦးမယ်လို့ ထင်ခဲ့တာ၊
အခုဒီအရွယ်ထိ ကိုယ်ချစ်ရတဲ့သူရဲ့ နာရေးကို ကြုံဖူးတာ ဒါပထမဆုံးပဲဆိုတော့ စစဖြစ်ချင်းတုန်းကစိတ်ကို မဖြည်ဆည်နိုင်ခဲ့ဘူး။
ဒါကြောင့် နာရေးပြီးတော့ အဖွားတွက် ကုသိုလ်ကောင်းမှု လုပ်ချင်တာနဲ့ပဲ တရားစခန်းလည်းဝင်ဖြစ်ခဲ့တယ်
ပြသာနာတွေကအခုမှ စမှာပါ။
အဖွားဆုံးတော့ အမွေတွေ ခွဲကြတာပေါ့။
အရင်က ဘယ်လောက်ရင်းနှီးတဲ့ ဆွေမျိုးသားချင်းဖြစ်ပါစေ၊ ပိုက်ဆံကိစ္စပါလာရင် သူစိမ်းတွေထက်တောင် ကြောက်ဖို့ကောင်းပါတယ်။
ဒီအမွေကိစ္စကြီးကြောင့် စိတ်ဝမ်းတွေကွဲကြတာမြင်တော့ အဖွားကို ရင်ထဲကကို အားနာမိတယ်၊ အဖွားသာသိရင် စိတ်မကောင်းဖြစ်မှာဆိုးပြီး
လူကြီးတွေ ပြသာနာဖြစ်ရင် ကလေးတွေကလည်း အငြိမ်နေလည်း မရပါဘူး။
အဲ့ဒါကြောင့် ဒီကြားထဲ စိတ်လည်းမငြိမ်၊ အိမ်ကလည်း ပူ၊ စိတ်နဲ့ကိုယ်နဲ့ကို မကပ်နိုင်လို့ ကိုယ့်ဘာကို အခန်းထဲပဲ ပိတ်နေတာပါ။ ဘာမှလည်း မလုပ်ဖြစ်တာ ကြာပြီ။ ဝတ္ထုရေးဖို့မပြောနဲ့ ဖတ်ကို မဖတ်ဖြစ်တာ၊ social media တွေလည်း မသုံးဖြစ်ဘူး။
ကိုယ့်ဘာကို ဒီလိုဖြစ်နေတာကနေ ပြန်ရုန်းထချင်လို့ ပထမအဆင့်အနေနဲ့ ဒါလေးကို ဘာသာပြန် ပြန်ရမယ်ဆိုပြီးတွေးမိခဲ့တယ်။ဘာသာပြန်နေရတော့ တခြားကိစ္စတွေလည်း မတွေးဖြစ်မိလောက်တော့ဘူးလို့ ထင်ရတာပါပဲ။
သင်္ကြန်ကနေစပြီး ပြန် စပြန်ပါ့မယ်အခုချိန်ထိ စောင့်ပေးတဲ့ သူတွေကိုလည်း ကျေးဇူးပါ💕
စာဖတ်သူတွေအားလုံးလည်း စိတ်ချမ်းသာပြီး ပျော်ရွှင်ရတဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ သင်္ကြန်ဆုတောင်းပေးလိူက်ပါတယ်🫶🏼
ဟဲလို
စာဖတ်သူတွေအားလုံးလည်း စိတ်ချမ်းသာပြီး ပျော်ရွှင်ရတဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ သင်္ကြန်ဆုတောင်းပေးလိုက်ပါတယ်🫶🏼
YOU ARE READING
ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များ
FantasyMyanmar Translation of 反派帝王生存攻略 I don't own any of this novel. This is just a fan translation and all credits go to the original author. This translation might be a little different from original because there is no English translation. I will trans...