အပိုင်း - ၂၁

2.6K 456 6
                                    

ထိုအချိန် မိန်းမစိုး ရှောင်ချန်းဇီး ရဲ့ ထိတ်လန့်နေသော အသံသည် ခန်းမအပြင်ဘက်မှ ထွက်ပေါ်လာသည်။ - "အရှင်မင်းကြီးက ဘယ်သူ့ကို မဝင်စေနဲ့လို့ မိန့်တော်မူထားပါတယ်"

"ဒီမင်းသမီးရဲ့လမ်းကို လိုက်ပိတ်ရဲတယ်ပေါ့ " လီချင်းလန်သည် သူဝတ်လာသည့် အစိမ်းရောင် စကတ်ကို ကိုင်ကာ သေးငယ်သော ခြေလှမ်းများဖြင့် အခန်းထဲ ပြေးဝင်လာပြီး လီချင်းယွီ ရဲ့ ရင်ခွင်ထဲသို့ တည့်တည့်တိုးဝင်ကာ ချိုမြသော အသံဖြင့်
"အစ်ကိုတော် မင်းကြီး၊ လန်အာလ် ရဲ့ ချုပ်နှောင်မှု ပြီးသွားပါပြီ။ ကျမ်းစာတွေလည်း ကူးယူထားပြီးဖြစ်လို့ လန်အာလ် ကို စိတ်မဆိုးပါနဲ့တော့နော်"

လီချင်းယွီ က ခပ်တိုးတိုးရယ်လိုက်ပြီး လီချင်းလန် ရဲ့ ဆံနွယ်များကို ပွတ်သပ်ပေးကာ
"ဟုတ်ပါပြီ၊အသက်ကကြီးနေပြီ အခုထိကလေးလို လုပ်နေတုန်းပဲလား"

လီချင်းလန် က ပေါ့ပေါ့ပါးပါး မျက်တောင်ခတ်ပြီး သူ့ဘေးနားက အစခံကို ကုလားထိုင်တစ်လုံးယူခိုင်းလိူက်ကာ လီချင်းယွီ ရဲ့ ဘေးအနားမှာ ထိုင်လိုက်ပြီး "အစ်ကိုတော် နှစ်သစ်ကူး တောင်ရောက်တော့မယ်။ ဒီနှစ် လန်အာလ် အတွက် ဘာလက်ဆောင်ပေးဖို့ စီစဉ်ထားလဲ"

"အကိုတော် စကားနာမထောင်ပဲ ဆိုးနေဦးမယ်ဆိုရင် ဒီနှစ်လက်ဆောင်ကို ရမှာမဟုတ်ဘူး " လီချင်းယွီသည် သူ့ရဲ့ အလိုလိုက်ထားလို့ ဆိုးချင်တိုင်းဆိုးနေသည့် ညီမတော်ကို သတိပေးသလိုဖြင့် ဆုံးမစကား ပြောနေရသည်။

လီချင်းလန်ရဲ့ မျက်လုံးများသည် မျှော်လင့်ထားသလို မဖြစ်လာတဲ့အတွက်ကြောင့် အရောင်ဖျော့သွားသည်။ သူမသည် တစ်ဖက်တွင်ထိုင်နေသော သုကူးလီ ကို မြင်လိုက်ရသောအခါ သူမရဲ့အပြုံးများသည် တဖြည်းဖြည်း အေးစက်သွားသည်- "ဩော မင်းသားလီ လည်း ဒီမှာရှိနေတာကိုး......."

"မင်းသမီး ချင်းလန်" သုကူးလီ သည် ဝတ္တရားကျေ ဦးညွှတ် နှုတ်ဆက်လိုက်သည်။

လီချင်းလန် သည် မျက်လုံးဝိုင်းဝိုင်းများ ပြူးကျယ်လာကာ အလွန်ကြီးကျယ်သောလေသံဖြင့်
" မလုပ်ပါနဲ့ ၊ မင်းသားလီ က အကိုတော်မင်းကြီးကိုတောင် ကြည့်တာ မဟုတ်ဘူး ၊ ဒီမင်းသမီးလေး မင်းသား ဂါရဝပြုတာခံဖို့ ဘယ်လို သတ္တိရှိမှာလဲ !"
စကားလုံးများက ဒေါသတချို့ ပါနေသလို အပြုံးတစ်ခုဖြင့် "ဟုတ်တယ်မလား၊ မင်းသား လီ"

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now