အပိုင်း - ၄၄

2.8K 453 28
                                    

ချမ်ရှီ သည် လီချင်းယွင်နဲ့အတူ ခြံဝင်းဆီသို့ ပြန်လာသောအခါ သူမက အတွေးတွေကနေ မနိူးထနိုင်ခဲ့သေးပေ

    ထိုအချိန် ချမ်ဟွိုင်က လီချင်းယွင် ရင်ခွင်ထဲဆီ တိုးဝင်လာပြီး တောက်ပစွာ ပြုံးကာ "အစ်ကို ကျုံအာလ်! သားအိမ်စာတွေ ပြီးသွားပြီမို့ မနက်ဖြန်ကျရင် အစ်ကို ကျုံအာ်လ် တို့နဲ့အတူ တောင်ပေါ်ကတူတူဆင်းလို့ရပြီ!"

    ချမ်ရှိမှာ သူ့ မောင်လေးရဲ့ အပြောအဆို အမူအရာကြောင့် တုံ့ဆိုင်းသွားသည်၊ ချမ်ဟွိုင်ရဲ့ ရိုင်းစိုင်းသော အပြုအမှုက လီချင်းယွင် ဒေါသကို နှိုးထစေမှာကြောက်သောကြောင့် "ဟွိုင်အာလ် အစ်ကို ကျုံအာလ်ကိုမနှောင့်ယှက်နဲ့၊ ထွက်သွား" လို့ အေးစက်စွာပြောလိုက်သည်။

    "မသွားပါဦး အစ်ကို ကျုံအာလ် ကြည့်ကြည့်လိုက်၊ အိမ်နောက်ဖေးမှာ သားခူးခဲ့တဲ့ ဖီးနစ်ပန်းလေး၊  အဲဒါက အစ်ကို ကျုံအာလ်နဲ့ အရမ်းလိုက်ဖက်တယ်။"

    ချမ်ဟွိုင်ရဲ့ ဖောင်းနေသော မျက်နှာလေးသည် ဖြူစင်သော အပြုံးများဖြင့် ပြည့်နေပြီး သူသည် ဖီးနစ်ပန်းကို ကိုင်ကာ လီချင်းယွင်ကို ပန်းပန်ပေးချင်နေသည်။

    "ဟွိုင်အာ၊ ရိုင်းစိုင်းမနေနဲ့၊ ဆင်းလာ!" အခုအချိန်မှာ ချမ်ရှီဟာ တကယ်ကို စိုးရိမ်နေခဲ့ပါတယ်။

    လီချင်းယွင်က ချမ်ဟွိုင်လ်ကို ကောက်ချီလိုက်ပြီး ပန်းကို ချမ်ဟွိုင် ခေါင်းပေါ် ပန်ပေးလိုက်ပြီးနောက် အရမ်းဆော့လို့ ပါးကို ညစ်ပေးလိုက်သည်။

    ချမ်ဟွိုင်က သူ့ကို လုံးဝ မကြောက်ဘဲ လီချင်းယွင် ပါးပေါ်ကို အနီရောင်ပန်း သုတ်ပေးလိုက်ပြီး မ ချက်ချင်း ခုန်ဆင်းကာ ထွက်ပြေးသွားခဲ့သည်။
ပြေးရင်းနဲ့ သူက ပြုံးပြီး "အိုး၊ အစ်ကို ကိုကျုံအာလ် က ရောင်စုံကြောင်လေး ဖြစ်သွားတယ်။" လို့ အော်နေခဲ့သည်

လီချင်းယွင်က ဒေါသတကြီးနဲ့ မျက်လုံးတွေ ပြူးကျယ်လာပြီး သွားတွေကို အံကြိတ်ရင်း
"ဒီဆိုးလိုက်တဲ့ ကလေး" ဆိုပြီး ချမ်ဟွိုင်နောက်သို့ နားရွက်ဆွဲလိမ်ဖို့ လိုက်သွားခဲ့သည်။ ဒီကလေးကို သင်ခန်းစာကောင်းကောင်းပေးရတော့မယ်

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များDonde viven las historias. Descúbrelo ahora