အပိုင်း - ၄၈

2.8K 442 40
                                    

လီချင်းယွင်စကားကို ကြားလိုက်တော့ အထိန်းတော်လု လူတစ်ယောက်ကို စိတ်ထဲ တွေးမိလိုက်သည်။ တစ်ကိုယ်ကောင်းဆန်ပြီး သူများအတွက်မကြည့်တဲ့ သူ့မင်းကြီးက အဲ့လူတစ်ယောက်တော့ သူ့မာနတွေ လျှော့ပေးလိုက်မည်

    သူ့မျက်လုံးများက ဒေါသကြောင့် နီမြန်းနေသည်- "သူကူးလီမလား? သူကူးလီအတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်တော့မှာလား"

  လီချင်းယွင်သည် ဘာမှမပြောသလို အမူအရာလည်းမပြကာ တိတ်ဆိတ်စွာဖြင့် ရပ်နေသည်။

    အထိန်းတော်လုသည် ဒေါသအလွန်ထွက်ကာ အသည်းနာနေသော်လည်း သူ့ကို အပြစ်မတင်နိုင်ပေ။ ဘုရင်မင်းမြတ်ရဲ့ ခန္ဓာကိုယ်အနှံ့အပြားပေါ်တွင် ရှိနေတဲ့ အနီရောင်အစင်းကြောင်းများကို ကြည့်လိုက်ပြီး သူကူးလီကိုသာ သတ်ပစ်ချင်တဲ့ ဆန္ဒတွေက ထိန်းမနိုင်ပဲ တဖွားဖွားပေါ်လာသည်။
နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေပြီး
"အရှင်မင်းကြီး သူကူးလီကို ဒီလိုမျိုး အရမ်းချစ်နေတော့ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်လာလိမ့်တော့မယ်"

    လီချင်းယွင်က အနည်းငယ် မျက်မှောင်ကြုတ်ကာ "လုရှောင်ဟွား မင်းက ငါနဲ့ အကြာဆုံးနေခဲ့တာ၊ ငါ့ရဲ့ စိတ်နေစိတ်ထားကို မင်း အသိဆုံးပဲ။ ငါဘာပဲလုပ်ချင်လုပ် ငါလုပ်ချင်တာလုပ်၊ ငါသတ်မှတ်ထားတဲ့စည်းကိုမကျော်သ၍  ငါလုပ်မယ်။ ငါလုပ်ခဲ့တဲ့ ဖြစ်ပြီးတဲ့ ကိစ္စအတွက်လည်း ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။"

    လုဟွာက အားကိုးရာမဲ့ "အရှင်မင်းကြီး၊ ဒီကိစ္စရဲ့ အရေးပါလေးနက်မှုကို နားမလည်ဘူး"

    "နားလည်ပါတယ်။" လီချင်းယွင်က ပေါ့ပေါ့ပါးပါးဖြင့် "ငါက အလှမျိုးနွယ်က မဟုတ်လား"

    လုဟွာက သူ့နေရာမှာပဲ သူရပ်လျက်..

လီချင်းယွင် က လုဟွာ ကို သွမ်ကျား ရွာအကြောင်း အကြမ်းဖျင်းပြောပြလိုက်သည်

    "မင်းက ဒီလျှို့ဝှက်ချက်ကို အမြဲဖုံးကွယ်ထားပေးချင်တယ်ဆိုတာကို နားလည်ပါတယ်။ မင်းရဲ့စေတနာတွေကို ငါနားလည်ပါတယ် ။ ဒါပေမယ့်—"

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now