အပိုင်း- ၃၉ (ဒု)

2.8K 445 24
                                    

ယောင်လင်သည် စိတ်ရင်းအမှန်ဖြင့် လီချင်းယွင်ကို ဒုက္ခမရောက်စေလိုခဲ့ပါ....
"မင်းတို့ ရှာစရာ မလိုပါဘူး" လီချင်းယွင် က သူ့လက်ကို ဆန့်လိုက်ပြီး ချင်းယန်ကို တည့်တည့်ကြည့်ကာ "ငါ့ကို ပေးပါ"
လီချင်းယွင်ရဲ့ အမူအရာနဲ့ စကားကြောင့် ချင်းယန် နှင့် ယောင်လင် နှစ်ယောက်လုံး စကားမပြောနိုင်လောက်အောင် အံ့သြသွားကြသည်။
ချင်းယန်က အမပိုးကောင်ကို ထုတ်နေတုန်း
ယောင်လင်မှာ လီချင်းယွင်အား မက်မွန်ပွင့်မျက်လုံးများဖြင့် ထိတ်လန့်စွာ ကြည့်နေပြီး
- "အရှင်မင်းကြီး၊ မင်းက တကယ်ပဲ အလှမျိုးနွယ်လား ?! ... ဒါဆို အမပိုးကောင်ကို စားလိုက်မယ်ဆိုရင် အလှမျိူးနွယ်တစ်ယောက်အနေနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ အရှင် သိလား"

"အားလီ ကသေတော့မှာ၊ ငါက ဘယ်လိုလုပ် စိတ်အေးအေးထားနိုင်ပြီးတော့ ဒီအရေးမပါတဲ့ အကြောင်းတွေကို ဂရုစိုက်နေရမှာလဲ"
လီချင်းယွင် ရဲ့ မျက်လုံးများက နီရဲလာပြီး "ငါ့ကို မြန်မြန်ပေး" ဆိုပြီး ဒေါသတကြီး ပြောလိုက်သည်။
ယောင်လင် က ထပ်ပြီး ပိတ်ဆို့လိုက်ကာ
"အမပိုးကောင်က အရမ်းအဆိပ်ပြင်းသလို တခါစားမိသွားတာနဲ့ သူ့ရဲ့ အဆိပ်က ခန္ဓာကိုယ်ထဲမှာ တစ်သက်လုံးကျန်ခဲ့ပြီးတော့ သူမဟုတ်တဲ့ တခြားသူနဲ့ အိပ်မိရင် ချက်ချင်းသေသွားမှာ။  အရှင်က သူကူးလီအတွက်နဲ့ ဒီလောက်အန္တာရယ်များတဲ့ကိစ္စကို လုပ်ပြီး ယောကျာ်းတစ်ယောက်ရဲ့အောက်မှာ နေတော့မလို့လား"
ယောင်လင်း သည် လီချင်းယွင် ကို ထပ်ခါထပ်ခါ သတိပေးနေခဲ့သည်။ ဘာကြောင့်လဲဆိုတော့ လီချင်းယွင်ဆိုတဲ့ မာနကြီးတဲ့ သူ အခြားအရာများထက် ဂုဏ်သိက္ခာက ပိုအရေးကြီးတယ်ဆိုတာကို သူကောင်းကောင်းသိပါသည်။ သူကူးလီအတွက် သူ့ယောက်ျားဂုဏ်သိက္ခာကို စွန့်လွှတ်လိုက်တာက တကယ်ကို မယုံနိုင်စရာပါပဲ။

" ဒါတွေ ဖြစ်ပြီးသွားရင် အရှင်က ယောကျာ်းတစ်ယောက်ရဲ့အောက်မှာတစ်သက်လုံးနေရတော့မှာ။ ပြီးတော့ အရှင်က ယုံးနိုင်ငံရဲ့ ထိပ်ထားရဆုံး ဘုရင်မင်းမြတ်တစ်ယောက်အနေနဲ့ အရှင့်ကို စောင့်ကြည့်နေတဲ့သူတွေ အများကြီးပဲ။ ကျူရှုမှာသာ ဒီကိစ္စကြီးပျံ့နှံ့သွားရင် အရှင့် မျက်နှာဘယ်မှာထားမလဲ။ ဒါက အရှင့် ဂုဏ်သိက္ခာနဲ့ဆိုင်လို့ သေချာစဉ်းစားပါဦး"
လီချင်းယွင်သည် သေချာဆုံးဖြတ်ထားသည့် လေသံဖြင့်  "ငါဘာဖြစ်ဖြစ် ကိစ္စမရှိဘူး"
သူ့အနေနဲ့ ဒီကိစ္စလောက်လေးတော့ ထိန်းချုပ်နိုင်သေးတယ်။ အားလီနဲ့ယှဉ်လိုက်ရင် ကျန်တာ ဘာမှ အရေးမကြီးတော့ချေ
ယောင်လင် သည် သူ့ရဲ့ နားချမှုက အဆင်မပြေတာကို မြင်လိုက်ရတဲ့အခါ စိတ်ပျက်အားငယ်သွားကာ "အရှင်မင်းကြီး၊ သေချာပြန်စဉ်းစားပါဦး၊  အရှင်က အလှမျိုးနွယ်ဆိုတော့  ဆန္ဒရဲ့ အသီးအနှံကို မြည်းစမ်းပြီးတာနဲ့ ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး။ ပြီးတော့ ဟဲဟွမ်က ဒီလိုဆန္ဒတွေ ပိုပြင်းပြလာအောင်လုပ်ထားတာဆိုတော့ တခါဖြစ်ပြီးတာနဲ့ နောက်ပြန်လှည့်လို့ မရတော့ဘူး"

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now