အပိုင်း - ၆၆

3.7K 386 24
                                    

"ပိုင်ကျင်းဆဲ့ မင်းနဲ့ စကားပြောလို့ရမလား"
လီချင်းယွင်က ပြုံးနေသော မျက်လုံးများဖြင့် ညင်သာနူးညံ့သောအသံဖြင့် စကားစလိုက်သည်။

ထို့ကြောင့် ပိုင်ကျင်းဆဲ့ရဲ့ စိတ်တွေ တုန်လှုပ်သွားပြီး သူ့ကို မက်မောစွာ ကြည့်လိုက်ကာ ... "ရတယ် ရတယ်...။" လို့ လျင်မြန်စွာ ပြန်ဖြေလိုက်သည်

သူက သူကူးလီကို တစ်ဖန်ပြန်ကြည့်ကာ " အားလီ..." လို့ ခေါ်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေလေသည်။

သူကူးလီရဲ့  မျက်နှာမှာ အေးစက်နေပြီး လီချင်းယွင်ကို ကိုင်ထားသည့် သူ့လက်မှာ အားပါကာ ပိုတင်းကျပ်လာခဲ့သည်။ သူသည် လီချင်းယွင်ကို အခြားသူများနှင့် အဆက်အသွယ် မပြုလုပ်စေလိုပါ။ သူ့အမြင်အရတော့ လူတိုင်းက လီချင်းယွင်ကို အဓိပ္ပါယ်မျိုးစုံဖြင့် မြင်နေကြတယ်

သူတို့အားလုံး တူတာတစ်ခုကတော့  လီချင်းယွင်ရဲ့ အလှကို မက်မောကြပြီး လီချင်းယွင်ရဲ့  ခန္ဓာကိုယ်ကို တဏှာစိတ်ပြည့်ဝနေတဲ့  မျက်လုံးများ ဖြငိ့ကြည့်နေပြီး သူတို့ရဲ့ ညစ်ပတ်သော ဆန္ဒများကို မထိန်းချုပ်နိုင်ခဲ့ကြပေ။

လီချင်းယွင်က သူ့အပိုင်

လီချင်းယွင်ကို သူတစ်ဦးတည်းသာ ပိုင်ဆိုင်သည်

လီချင်းယွင်ရဲ့ အလှကိုလည်း သူတစ်ဦးသာ ကြည့်မြင်ခံစားနိုင်သည်။

တခြားလူတွေက လီချင်းယွင်အကြောင်း  အတွေးနဲ့တောင် မပြစ်မှားစေရဘူး

"အားယွင် ပြန်ကြရအောင်လေ" သူကူးလီသည် လီချင်းယွင် ရဲ့ခါးကို  ဖတ်ထားလိုက်ပြီး သူ့အသံသည် ကလေးတစ်ယောက်ကို ချော့နေသလိုမျိုး နူးညံ့ညင်သာလွန်းလှသည်။

လီချင်းယွင်ကို သူကူးလီက သူ့ရင်ခွင်ထဲကို ထည့်လိုက်သည်။
လီချင်းယွင်က ပိုင်ကျင်းဆဲ့ကို အသနားခံသည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။
သူ့မျက်လုံးတွေက ကြောင်တစ်ကောင်လိုပါပဲ။ မျက်လုံးထောင့်စွန်းမှာ နီရဲနေပြီး မျက်ရည်တစ်စက်ကျလာကာ နီတာရဲ နှုတ်ခမ်းလေးက ဖွင့်ဟလာပြီး

"ကယ်ပေးပါ"

ပိုင်ကျင်းဆဲ့ ပူထူသွားသည်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now