အပိုင်း - ၅၄

3.2K 482 28
                                    

ယုံးနိုင်ငံရဲ့ ပတ်ဝန်းကျင်မှာ ငှက်များ၊ ပန်းများက နွေဦးရာသီတို့နှင့်အတူ တဖြည်းဖြည်း တောက်ပစွာ လှပလျက်ရှိသည်။
လာမယ့် ပွဲတော်အတွက်  လူတွေက လမ်းပေါ်မှာ ပျော်ရွှင်စွာ ကုန်ပစ္စည်းတွေ ဝယ်ကြတယ်၊
ဒါပေမယ့် ဒီလို ငြိမ်သက်အေးချမ်းမှုမှာတော့ မုန်တိုင်းအကြိုနေ့ရဲ့ လှိုင်းထန်မှုတွေနဲ့ ရောထွေးနေတယ်။

နန်းတော်တစ်ဝိုက် လေနှင့် တိမ်များ တဟုန်ထိုး တက်လာသလို  တပ်ဖွဲ့များစွာကလည်း အပြင်ဘက်တွင် စုရုံးလာကြသည်။

အာဏာသိမ်း တော်လှန်ရေး ရောက်ရှိလာပြီဆိုတာကို ထင်ရှားစေသည်။

အဘိုးကြီးတစ်ယောက်က ချွေးပူတွေကို အဆက်မပြတ်သုတ်ရင်း လမ်းလျှောက်လာရင်း ဆင်ခြေဖုံးရပ်ကွက်မှာ သောက်ရန် ရေတစ်ပန်းကန် တောင်းနေစဉ်တွင် တပ်များစုဝေးနေသည်ကို တွေ့လိုက်ရတော့ သူ့မျက်လုံးထဲတွင် မျက်ရည်များ ရုတ်တရက် စီးကျလာပြီး ထိတ်လန့်စွာ ရေရွတ်ရင်း "ယုံးနိုင်ငံ ရဲ့ ကောင်းကင်ကြီး ပြောင်းလဲတော့မှာကို ငါကြောက်တယ်"

လီချင်းယွင် ရဲ့ အုပ်ချုပ်မှုက အလွန်ညံ့ဖျင်းသော်လည်း အခြားမင်းသားသုံးပါးကလည်း သူ့ထက် များစွာသာလွန်ပြီး ကောင်းတဲ့ မင်းတစ်ပါးဖြစ်မယ်လို့ လူအများက မထင်ကြပေ။

လီချင်းယွင်ရဲ့ ည်းလမ်းများက  ကြမ်းတမ်းသော်လည်း၊ ၎င်းတို့က ယုံး နိုင်ငံရဲ့ ခွန်အားကို ယူဆောင်လာကြသည်။ ဇနီးနဲ့ သားသမီးတွေဟာ စစ်ဘေးဒဏ်ကို ခံစားခဲ့ရပေမယ့် ယုံးနိုင်ငံ ရဲ့ အကာအကွယ်အောက်မှာ ငြိမ်းချမ်းစွာ နေခဲ့ရတာ ဆယ်နှစ်ကျော်နေပါပြီ။
အဘိုးအိုရဲ့ မျက်နှာမှာ မျက်ရည်တွေ ပြည့်နှက်နေပြီး
"စစ်ပွဲကြီး ပြန်ဖြစ်ပြီ၊ သာမန်လူတွေ ဘယ်လို လုပ်ရမလဲ"

အထက်လူတွေ အာဏာပြိုင်ကြတဲ့ အဆုံးမဲ့စစ်ပွဲများ မှာ ပြည်သူ ပြည်သားတွေက  ဓါးစာခံ ဖြစ်ကြပြီး မိုးလင်းချိန်တွင် အိုးအိမ်မဲ့ဖြစ်ခဲ့ကြကာ မိသားစု တကွဲတပြား ဖြစ်လျက် ဘဝကို အဓိပ္ပါယ်မဲ့စွာ ဖြတ်သန်းရသည်။

မိဘများက အငတ်ဘေး ကြုံတဲ့အခါ ကိုယ့်သွေးသားကို ပြန်စားရသည်။
ဖခင်ဖြစ်သူက သားဖြစ်သူကို ကုသဖို့ လိုအပ်တဲ့ ပိုက်ဆံရှာနိုင်ဖို့အတွက် သူ့သမီးကို ရောင်းစားခဲ့ရသည်။
မင်းသားနဲ့ မှူးမတ်တွေက အားနည်းသူတွေကို အနိုင်ကျင့်ပြီး ကျွန်တွေရဲ့ အမှတ်အသားနဲ့ တံဆိပ်ကပ်ခံထားရတဲ့ လူတွေက ဘယ်တော့မှ အရင်လို ပြန်မဖြစ်နိုင်သလို ငယ်ရွယ်မှုကို ဆုံးရှုံးခဲ့ရသည်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များHikayelerin yaşadığı yer. Şimdi keşfedin