အပိုင်း - ၂၇

2.6K 457 18
                                    

သွမ်ရင် ရဲ့ ဆံပင်များက ဖြန့်ထားလျက် လှောင်အိမ်ထဲ ထိုင်နေသည့် ပုံမှာ လူတွေကို အလှနှင့် လှည့်ဖျားဆွဲဆောင်ရန်အတွက် လူ့ဘောင်လောကဆီကို နတ်သတ်ကြွေလာသည့် နတ်ဆိုးတစ်ပါးလိုပင် ....

အမတ်များသည် အသက်ရှုရမှာကိုပင် မေ့မျောနေကြကာ ရွှေလှောင်အိမ်ထဲမှ အလှမျိုးနွယ်ဝင်ကို ကြည့်လျက် တစ်ယောက်ပြီး တစ်ယောက် လှောင်ပြောင် ရှုတ်ချတဲ့ လေသံဖြင့် ဆွေးနွေးနေကြသည်။

"ဒါက ကြားဖူးနေကျ ကောလဟလထဲက အလှမျိုးနွယ်ဝင်တစ်ယောက်ပဲ။ တကယ်ကို သူ့အလှက နတ်ဆိုးတစ်ကောင်လိုပါပဲလား"

"ငါ ကြားဖူးတာကတော့ အလှမျိုးနွယ်ဝင်တွေက တကယ်ကို စွဲမက်ချင်စရာကောင်းတဲ့ စိတ်ကြွဆေးလိုပဲတဲ့၊ နှမြောစရာကောင်းတာကွာ၊ ကျင်းမင်းသားက ဘုရင်ကိုလက်ဆောင်ပေးလိုက်လို့ပေါ့၊မဟုတ်ရင် ငါလည်း တစ်ခါလောက်တော့ စမ်းကြည့်ချင်မိသေးတယ်"

ဟဲလျန်ချန် က လီချင်းယွင် ကို ပြုံးပြုံးကြီးကြည့်ကာ "အရှင်မင်းကြီး၊ ဒီလိုလက်ဆောင်ကိုကျေနပ်တော်မူပါရဲ့လား"

အလှမျိုးနွယ်ဝင်တွေက မျိုးသုဉ်းကုန်သလောက်ဖြစ်ကာ သိပ်မကျန်တော့ပေ။
လီချင်းယွင်သည် အလှမျိုးနွယ်ဝင်နဲ့ ပက်သက်ပြီး ရင်းနှီးကျွမ်းဝင်မှုမရှိသည့် အပြင်  သဲလွန်စပင်မရှိပေ။ သူက လှောင်အိမ်ထဲကသူကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုအချိန် ရွှေလှောင်အိမ်ကြီး မှာ ပွင့်လာပြီး လှောင်အိမ်ထဲမှ သွမ်ရင်ထွက်လာတဲ့အချိန် သူလှုပ်ရှားလိုက်တိုင်းမှာ အလွန်သင်းပျံ့ မွှေးကြိုင်လှသော ရနံ့တစ်မျိုးက ခန်းမတစ်လျှောက် ပျံ့နှံ့လာသည်။

ဟဲလျန်ချန် က "သွမ်ဆိုတာက အလှမျိုးနွယ် ရဲ့ မျိုးရိုးနာမည်လို့ ပြောကြတယ်။ အလှမျိုးနွယ်တွေ ဖျက်ဆီးခံလိုက်ရတဲ့အချိန်မှာ ကျန်ခဲ့တဲ့ သား သမီးတွေကို သွမ် ဆိုပြီး မှည့်ခဲ့ကြလို့ အလှမျိုးနွယ် ၁၀ ယောက်မှာဆိုရင်  ရှစ်ယောက်က သွမ်ဆိုတဲ့ မျိုးရိုး နာမည် ရှိကြတယ်"

"အလှမျိုးနွယ်တွေက တကယ့်ကို ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အသွင်အပြင် ရှိကြပေမယ့် ကံမကောင်းစွာပဲ ဒီတစ်ယောက်အသွင်အပြင်က သာမန်ပါဘဲ"

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now