အပိုင်း - ၅၆

4.4K 558 65
                                    


လီချင်းယွင် အမှန်တကယ်ကို ဆာလောင်လာလို့ မတတ်နိုင်တဲ့အဆုံး

သူသည် ထောင်တံခါးကို ခေါက်လိုက်ပြီး ထောင်စောင့်များကို ခေါ်လိုက်သည်။

"မင်းဘာလုပ်​​နေတာလဲ! လူအိပ်ချိန်ဆိုတာ နားမလည်ဘူးလား!"

" မင်းက ဘုရင် မဟုတ်တော့ဘုး ဆိုတာကို သဘောမပေါက်သေးတာလား၊ "

"စိတ်ရှုပ်စရာကောင်းလိုက်တာကွာ!"

အချုပ်ခန်းတံခါးအပြင်ဘက်မှာ အစောင့်ငါးယောက်ကနေပြီး ထောင်အတွင်းထဲမှာ ရပ်နေတဲ့ လီချင်းယွင်ကို စိုက်ကြည့်နေကြသာ်

"ငါဗိုက်ဆာတယ်"
လီချင်းယွင် သူ့ဝမ်းဗိုက်က ဗလာဖြစ်နေခဲ့တဲ့ အချိန်က ကြာနေပြီလေ

"အဲဒီ ယာဂု ပန်းကန် မစားဘူးလား" အစောင့်က ပန်းကန်အကွဲကို  ညွှန်ပြလိုက်သည်

"ဒါက လူတွေစားတာလား။" လီချင်းယွင် က စက်ဆုပ်စွာ မျက်မှောင်ကြုတ်လိုက်သည်။

"အို၊

ခွင့်လွှတ်ပါ အရှင်မင်းကြီး၊ကျွန်တော်မျိုးတို့ မေ့သွားလို့ပါ၊ အရှင်က အရသာကောင်းပေ့ စျေးကြီးပေ့ ဆိုတာတွေပဲ စားတယ်ဆိုတာကို"

ထောင်စောင့်တွေအားလုံးက တက်ညီလက်ညီ ပြိုင်တူ လှောင်ပြောရယ်မောလိုက်ကြလေသည်

လီချင်းယွင် က ဒီလူတွေကို ကြည့်လိုက်တယ်။ အခုတော့ သူက  ခွေးတွေရဲ့ အနိုင်ကျင့်ခံနေရပြီး ဒီလူတွေက သူ့ကို နည်းနည်းလေးတောင် မလေးစားကြတော့ဘူး

အကျဉ်းထောင်သည် အလွန်မှောင်မိုက်နေပြီး ရုတ်​တရက်​ ထူးဆန်း​သောရနံ့တစ်​ခု ပျံ့လွင့်​လာသည်​။

"အနံ့အရမ်းကောင်းတယ်၊ ဘယ်လိုလေးလဲ"

"ဒီလောက်မွှေးတဲ့အနံ့ကို ငါ့ဘဝမှာ တစ်ခါမှ မရဖူးဘူး!"

လီချင်းယွင် သည် ဖျော့တော့ကာ နောက်သို့ ခြေလှမ်း ဆုတ်သွားသည်။ ဒီရနံ့က ဘာကို ဆွဲဆောင်နိုင်တယ်ဆိုတာ သူကောင်းကောင်းသိတာပေါ့

သူ့ခန္ဓာကိုယ်ပေါ်ကနေ ထွက်လာတဲ့ ဒီညစ်ညမ်းတဲ့ရနံ့ကို မထိန်းချုပ်နိုင်သလို အခြားသူများရဲ့ အတွေးကိုလည်း မထိန်းချုပ်နိုင်ပေ။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များOpowieści tętniące życiem. Odkryj je teraz